Monday, April 6, 2026

🌸 ရပ်စောက်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထိန်စိုးကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ရန် ရှမ်းလွှတ်တော် အတည်ပြု

.

တောင်ကြီး၊ ဧပြီ ၆

.

ရှမ်းပြည်နယ်လွှတ်တော်၊ ရပ်စောက်မြို့နယ် ကိုယ်စားလှယ် အမှတ် (၂) စိုင်းထိန်စိုးကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးအပ်ရန် ရှမ်းပြည်နယ်လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

.

.

ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် အတည်ပြု ခန့်အပ်ခံရသူ စိုင်းထိန်စိုးသည် ရှမ်းပြည်နယ်လွှတ်တော် ရပ်စောက် မြိုနယ် အချိုးကျကိုယ်စားပြု (PR) ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိထားသူဖြစ်သည်။

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး၊ စတုတ္ထနေ့ကို ယနေ့ ဧပြီလ ၆ ရက်၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းအစည်း အဝေးတွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသူက ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် အဆိုပြုထားသူ၏ အမည်စာရင်းကို ပြည်နယ် လွှတ်တော်တွင် ဆွေးနွေးပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

.

ထို့အပြင် ပြည်နယ်တရားလွှတ်တော် တရားသူကြီး ၄ ဦး ခန့်အပ်ရန် ပြည်နယ်လွှတ်တော်တွင် ဆွေးနွေးပြီး အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဧပြီလ ၇ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

.

#ShanGazette #Hluttaw

.

No comments:

Post a Comment