Monday, April 6, 2026

🌸 ကျိုင်းတုံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား တစ်သောင်း ဖမ်းမိ

.

ကျိုင်းတုံ၊ ဧပြီ ၆

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ နောင်ရှဲန်ကျေးရွာအနီးတွင် ဧပြီလ ၄ ရက်၊ နေ့လယ်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြားတစ်သောင်းအား သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် သတင်းအရ ဧပြီလ ၄ ရက်၊ နေ့လယ် ၁ နာရီခွဲ ခန့်က ကျိုင်းတုံမြိုနယ်၊ နောင်ရှဲန်ကျေးရွာအနီးတွင် ကျအူ မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇၀ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ကျူအူ ဆိုသူအား ကျိုင်းတုံ မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

.

#ShanGazette #KyaingTong #Crime

.

No comments:

Post a Comment