Monday, April 6, 2026

🌸 တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းတွင် အမျိုးသားအလောင်း တွေ့ရှိ

.

တောင်ကြီး၊ ဧပြီ ၆

.

တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအနီးတွင် ယနေ့ ဧပြီလ ၆ ရက်၊ နံနက် ၉ နာရီခွဲခန့်က အမျိုးသား အလောင်း တစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

.

.

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ တောင်ကြီး - ကျောက်တစ်လုံးလမ်းနှင့် အဝေရာ မီးပုံးပျံကွင်း ကြားရှိ ရေဆိုးမြောင်း ဘေးတွင် အမျိုးသားတစ်ဦးအား ပြင်ပဒဏ်ရာ မရှိဘဲ ပက်လက် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

.

သေဆုံးသူမှာ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ရွှေမောင်းတောင်လမ်းနေ လေလွင့် တောင်းရမ်း စားသောက်သူ အသက် ၄၂ နှစ်အရွယ် ကိုသန်းထိုက် ဆိုသူဖြစ်ပြီး ၎င်းသည် အရက်အလွန်အကျွံ သောက်သုံးတတ်သူဖြစ်ကြောင်း သိရသည်။

.

သေဆုံးသူ၏ ရုပ်အလောင်းအား မှုခင်းဆေးစာဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် သေမှုသေခင်း ဖွင့်လှစ်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

.

#ShanGazette #Taunggyi #Crime

.

No comments:

Post a Comment