Saturday, May 23, 2026

🌸 လားရှိုးမြို့နယ်စာရေးဆရာအသင်း စုံညီအစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ ရွေးချယ်ပွဲ ပြုလုပ်

.

လားရှိုး၊ မေ ၂၃

.

လားရှိုးမြို့နယ် စာရေးဆရာအသင်း၏ မျက်နှာစုံညီအစည်းအဝေးနှင့် အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ပွဲကို ယနေ့ မေလ ၂၃ ရက်၊ နံနက်ပိုင်းက လားရှိုးမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အစည်းအဝေးတွင် လားရှိုးမြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌအဖြစ် ဦးသောင်းလွင် (ဆရာနေမျိုးနွယ်)၊ အတွင်းရေးမှူးအဖြစ် ဒေါ်ခင်သန်းနွဲ့ (မမ-လားရှိုး) နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်စန္ဒာကြူ တို့ကို ရွေးချယ် အတည်ပြုခဲ့ပြီး ညီလာခံကိုယ်စားလှယ်အဖြစ် ဒေါ်စန္ဒာကြူကို ရွေးချယ်အတည်ပြုခဲ့ကြကြောင်း သိရသည်။

.

အဆိုပါ မျက်နှာစုံညီ အစည်းအဝေးနှင့် အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ပွဲသို့ လားရှိုးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ အတွင်းရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲဝင်းနှင့် မြို့မိမြို့ဖများ၊ လားရှိုးမြို့နယ်စာရေးဆရာအသင်း ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

.

လားရှိုးမြို့နယ် စာရေးဆရာအသင်းတွင် အသင်းဝင် စုစုပေါင်း ၁၄ ဦးရှိပြီး အချို့မှာ တိုက်ပွဲရှောင်ရာမှ လားရှို့မြို့သို့ ပြန်လည်ရောက်ရှိခြင်း မရှိသေးကြောင်း သိရသည်။

.

#ShanGazette #Lashio

.

No comments:

Post a Comment