Thursday, May 21, 2026

🌸 ရှမ်းပြည်နယ်အားကစားကွင်း ပတ်လည်ရှိ တိုက်ခန်းများကို ဖြိုဖျက်

.

တောင်ကြီး၊ မေ ၂၂

.

တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း ပတ်လည်ရှိ တစ်ပိုင်းတစ်စ ဖြိုဖျက်ထားသည့် ဆိုင်ခန်းများကို စတင်ဖြိုဖျက်နေလျက် ရှိကြောင်း သိရသည်။

.

.

အဆိုပါ ပြည်နယ်အားကစားကွင်း ပတ်လည်ရှိ လူနေတိုက်ခန်းနှင့် ဆိုင်ခန်းများကို ပြီးခဲ့သည့် မေလ၂၀ ရက် အပြီး ပြောင်းရွှေ့ဖယ်ရှားရန် ဆိုင်ခန်းပိုင်ရှင်များအား သက်ဆိုင်ရာက အကြောင်းကြားထားခဲ့ပြီး ဆိုင်ရှင်များ က ၎င်းတို့အစီအစဉ်ဖြင့် ဖျက်သိမ်းပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

.

ထိုသို့ ဖျက်သိမ်းပြောင်းရွှေ့ပြီးနောက် တိုက်တန်းများမှာ တစ်ပိုင်းတစ်စ ဖြိုဖျက်ထားသည့် အနေအထားဖြင့် တောင်ကြီးမြို့လယ်တွင် ၂ လကျော်ခန့် ကျန်ရှိနေခဲ့ပြီး ယခုအခါ လုံးဝ ဖျက်သိမ်းနေခြင်းဖြစ်ကြောင်း သိရ သည်။

.

အားကစားကွင်း ဆိုင်ခန်းများကို ဖယ်ရှားရှင်းလင်းခဲ့ပြီးနောက် ဘောလုံးကွင်းအနောက်ဘက် အိုလံပစ် လမ်း တစ်လျှောက်တွင် လူနှင့် ယာဉ်အသွားအလာ နည်းပါးသွားပြီး ခိုးဆိုးလုယက်မှုနှင့် အခြား ဒုစရိုက်မှု များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရသည်ဟု ဒေသခံများက ပြောဆိုကြသည်။

.

ယင်း ဖျက်သိမ်းထားသည့် အားကစားကွင်းတိုက်တန်းနေရာတွင် နိုင်ငံတကာအဆင့်မီ အားကစားကွင်း/ အားကစားရုံနှင့် ရေကူးကန်၊ လူငယ်ရေးရာစင်တာများ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသော်လည်း အသေးစိတ် အခြေအနေများကိုမူ သက်ဆိုင်ရာက အသိပေး ထုတ်ပြန်ခြင်း မရှိသေးပေ။

.

#ShanGazette #Taunggyi

.

No comments:

Post a Comment