.
လွိုင်လင်၊ ဖေဖော်ဝါရီ ၂၀
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ လွိုင်လင်နှင့်
မိုင်းပွန်မြို့ အကြားတွင် ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်၊ ညနေပိုင်းက တွဲကားတစ်စီး တာယာအပူလွန်ကဲကာ
မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.လွိုင်လင်မြို့နယ်၊ တောင်ကြီး-ကျိုင်းတုံ၊ ပြည်ထောင်စုလမ်းမကြီး၊
လွိုင်လင်နှင့် မိုင်းပွန်အကြား၊ မိုင်တိုင် အမှတ် (၁၆၃/၁) နှင့် (၁၆၃/၂) အကြားတွင်
ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်၊ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က ဘိလပ်မြေများ တင်ဆောင်လာသော တွဲကားတစ်စီး
တာယာအပူလွန်ကဲကာ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
မီးလောင်မှု ဖြစ်ပွားရာသို့ လွိုင်လင်ခရိုင်မီးသတ်စခန်းမှ
မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ
သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင်
မီး ငြိမ်းသွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ လမ်းပိုင်းသည် အဆင်းအတက်၊ အကွေ့အကောက်များပြီး
လမ်းကျဉ်းမြောင်းသည့်အတွက် ယာဉ်များ၏ ကြံ့ခိုင်မှုကို မပြတ် စစ်ဆေးသတိပြုရန် လိုအပ်ကြောင်း
ယာဉ်မောင်းများက ပြောဆိုကြသည်။
.
#ShanGazette #LoiLem
.

No comments:
Post a Comment