.
တောင်ကြီး၊ မတ် ၂၇
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ နှင်းဆီလမ်းနှင့် ဂုဏ်ထူးလမ်းထောင့်၊ မြတ်သူ စက်သုံးဆီဆိုင်အနီးရှိ နေအိမ်တစ်လုံး ယနေ့ မတ်လ ၂၇ ရက် ၁၀ နာရီခွဲခန့်က နေအိမ် မီးဖိုချောင်ရှိ ဂက်စ်အိုး ပေါက်ကွဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.“အိမ်နဲ့ ဆိုင်ကယ်တော့ မီးလောင် ပျက်ဆီးတာ
တွေ့ရတယ်။ လူတွေ ဘာတွေတော့ ထိခိုက်တာ မရှိပါဘူး” ဟု မီးလောင်ရာ နေရာသို့ သွားရောက်
ကူညီသူ တစ်ဦးက ပြောသည်။
.
အဆိုပါ မီးလောင်ကျွမ်းမှုအား
မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်း
ငြှိမ်းသတ််ခဲ့ရာ ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် မီး ထိန်းနိုင်ခဲ့သည်ဟုလည်း ၎င်းက
ဆိုသည်။
.
မီးလောင်မှုကြောင့် အိမ်ရှင်ဖြစ်သူ အမျိုးသားတွင်
ဝဲ/ယာ လက်မောင်းတို့၌ မီးဟပ်သည့်ဒဏ်ရာ (မစိုးရိပ်ရ)ရရှိကာ မီးလောင်မှုကြောင့်
နေအိမ်နှင့် အသုံးအဆောင်ပစ္စည်းများ ကာလတန်ဖိုး ငွေကျပ် သိန်း ၃၀ ခန့်
ဆုံးရှုံးခဲ့ကြောင်း သိရသည်။
.
#ShanGazette #Taunggyi #Fire
.
.jpg)
No comments:
Post a Comment