.
တောင်ကြီး၊
မတ် ၂၇
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စု၊ မဲသောင်းကျေးရွာတွင် ယမန်နေ့ မတ်လ ၂၆
ရက်၊ ညနေပိုင်းက ဝါးရုံတောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.နောင်လေကျေးရွာအုပ်စု၊
မဲသောင်းကျေးရွာတွင် ယမန်နေ့ ညနေ ၃ နာရီခန့်က ဝါးရုံတော၌ တောမီး လောင်ကျွမ်းမှု
ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့ တောင်ကြီး
ခရိုင်မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေနှင့်
အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာသူ/ကျေးရွာသားများဖြင့် ဝိုင်းဝန်း
ငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၅၀ ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
.
အဆိုပါတောမီးလောင်
ကျွမ်းမှုကြောင့် သစ်ရွက်၊ သစ်ခြောက်များ၊ ပေါင်းမြက်များအား မီးလောင်ကျွမ်း ခဲ့ပြီး
လူနှင့် တိရစ္ဆာန်၊ အဆောက်အဦများ ထိခိုက်ဆုံးရှုံးမှုမ ရှိကြောင်း နှင့်
မြက်ခြောက် ဧရိယာ ၂ ဧကခန့် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
.
အလားတူ
တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၂) တွင်လည်း ယမန်နေ့ ညပိုင်းက
တောမီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။
.
#ShanGazette #Taunggyi #Fire
.

No comments:
Post a Comment