Thursday, March 26, 2026

🌸 တာချီလိတ်တွင် ဆိုင်ကယ်ခိုးသူ ၄ ဦးကို ဖမ်းမိ

.

တာချီလိတ်၊ မတ် ၂၆

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယမန်နေ့ မတ်လ ၂၅ ရက်၊ နံနက်ပိုင်းက ဆိုင်ကယ်ခိုးယူသူ ၄ ဦးကို ခိုးရာပါမော်တော်ဆိုင်ကယ်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

တာချီလိတ်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစိတ်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် မတ်လ ၂၆ ရက်၊ နံနက်ပိုင်းက တာချီလိတ်မြို့ ပေါ်ရပ်ကွက်များအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ဆိုင်ကယ်ခိုးမှုဖြင့် ပြစ်ဒဏ်ကျခဲ့ဖူးသူ ဆောင်းဦး (ခ) သားပုအား တရုတ်နိုင်ငံထုတ် Kenbo Click အမျိုးအစား နီ/နက်ရောင် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ဆက်လက်ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းနှင့်အတူ ဆိုင်ကယ်ခိုးမှု ကျုးလွန်သူများဖြစ်သည့် ဝေယံထိုက် (ခ) နေမျိုးဦး၊  ကျော်ဇင်ထွေး (ခ) ကပ္ပလီနှင့် ထက်နိုင်ဆွေ (ခ) ထူးထူးတို့အား ခိုးယူထားသည့် သက်သေခံ ဆိုင်ကယ်မျိုးစုံ ၆ စီးနှင့်အတူ ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ဆိုင်ကယ်ခိုးယူသူ ၄ ဦးအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်ပြီး ဆိုင်ကယ် ပျောက်ဆုံးသူ များကို  ရှာဖွေ၍ ပိုင်ရှင်များထံ ပြန်လည်အပ်နှံနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

#ShanGazette #Tachileik

.

No comments:

Post a Comment