.
တောင်ကြီး၊
မတ် ၂၆
.
ရှမ်းပြည်နယ်မြို့တော်၊
တောင်ကြီးမြို့မှ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦး မတ်လ ၂၄ ရက်၊ ညပိုင်းက
ကရင်မရေထွက်အနီးသို့ သွားရောက်ရာမှ ပျောက်ဆုံးနေကြောင်း သိရသည်။
.
.“၂၄
ရက်၊ ညပိုင်းက အလုပ်ကနေ အစောကြီးပြန်လာပြီးတော့ ပိုက်ဆံတစ်သောင်းတောင်းပြီး
သူငယ်ချင်း တွေနဲ့ အပြင်ပြန်ထွက်သွားတာပါ။ ပြီးတော့ သူငယ်ချင်းတွေက ပြန်လာပြီး
သူတစ်ယောက်ထဲ ကရင်မ ရေထွက်ဘက်ကို ဆက်သွားရင်းနဲ့ အပြန်မှာ ပျောက်သွားတာပါ” ဟု
နီးစပ်သူတစ်ဦးက ပြောသည်။
.
ပျောက်ဆုံးသူ
လူငယ်မှာ အသက် ၂၁ နှစ်အရွယ်ခန့်ရှိ ကိုမျိုးမင်းသန့် ဆိုသူဖြစ်ပြီး
လက်ရှိအချိန်အထိ အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။
.
အဆိုပါ
ပျောက်ဆုံးလူငယ် ကိုမျိုးမင်းသန့်ကို တွေ့ရှိပါက ဖုန်းနံပါတ် ၀၉ ၆၆၉ ၀၀၀ ၅၉၀ နှင့်
၀၉ ၂၅၆ ၄၂၄ ၇၆၄ တို့ထံ ဆက်သွယ်အကြောင်းကြားပေးရန် မိသားစုက မေတ္တာရပ်ခံထားသည်။
.
#ShanGazette #Taunggyi #လူပျောက်
.

No comments:
Post a Comment