.
တာချီလိတ်၊ မေ ၂၃
.
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ မေလ ၂၃ ရက်၊ နံနက်ပိုင်းက
တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေး တံတားအမှတ် (၂ ) သို့ သွားရောက်၍
ကုန်သွယ်မှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
.
.
ထိုသို့ စစ်ဆေးရာတွင် ပြည်ထောင်စုဝန်ကြီးက ဌာနဆိုင်ရာ One Stop Service (OSS) အဖွဲ့များအား
တွေ့ဆုံ၍ ပို့ကုန်သွင်းကုန်လုပ်ငန်းများ မှန်ကန်မှုရှိစေရေး စနစ်တကျစိစစ်ရန်၊
ပို့ကုန်၊ သွင်းကုန် လုပ်ထုံး လုပ်နည်းများအတိုင်းဆောင်ရွက်ရန်၊
လိုင်စင်တွင်ပါသည့် အမျိုးအစား၊ တန်ချိန်အတိုင်း ဖြစ်စေရေး ကြပ်မတ်ရန်နှင့်
တရားမဝင်တင်ပို့တင်သွင်းခြင်းများမရှိစေရေး အလေးထား ဆောင်ရွက်ကြရန် တို့ကို မှာကြားခဲ့ကြောင်း
သိရသည်။
.
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာချီလိတ်မြိုနယ်၊ မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု၊
ဆွတ်ဆိုင် ကျေးရွာရှိ Moon HL Trading ကုမ္ပဏီ၏
ပြောင်းဂိုဒေါင်သို့ သွားရောက်၍ ပြောင်းဆံများ သိုလှောင် ထားရှိမှုနှင့်
တင်ပို့မည့် အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
.
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ဝမ်ပုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ရောက်ရှိပြီး၊
OSS အဖွဲ့ဖြင့်
ဆိပ်ကမ်း၌ ကုန်တင် ကုန်ချဆောင်ရွက်နေမှုအား
ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းခွင် အန္တရာယ် မဖြစ်စေရေး၊ တားမြစ်ကုန်၊ ကန့်သတ်ကုန်များ မပါရှိစေရေး
သတ်မှတ်လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
.
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
တာချီလိတ်မြို့ Lord Eagle Hotel ရှိ အစည်းအဝေး ခန်းမတွင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များနှင့် OSS
အဖွဲ့ဝင်များအား တွေ့ဆုံ၍ ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့
စေရေး ပူးပေါင်းဆောင်ရွက်ကြရန်၊ ပို့ကုန် ၂ ဆ တိုးမြှင့်တင်ပို့နိုင်ရေး ကြိုးပမ်း
ဆောင်ရွက်ရန်၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း- MSMEများ၏ ကုန်ထုတ် လုပ်မှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး
ပူးပေါင်းဆောင်ရွက်ရန်၊
တရားမဝင်ကုန်သွယ်မှုများမရှိစေရေး လုပ်ထုံး လုပ်နည်းများ၊
လမ်းညွှန်ချက်များနှင့်အညီ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ဝန်ထမ်းများအနေဖြင့်
အဂတိကင်းရှင်းစွာကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
.
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
တာချီလိတ်ကုန်သွယ်ရေးစခန်း (မယ်ယန်း)သို့ ရောက်ရှိပြီး၊ ပို့ကုန်၊
သွင်းကုန်ယာဉ်များပေါ်ရှိ ကုန်ပစ္စည်းများစစ်ဆေးနေမှုတို့အား
ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ
မှာကြားခဲ့ကြောင်း သိရှိရသည်။
.
#ShanGazette #Tachileik
.

No comments:
Post a Comment