.
တောင်ကြီး၊ မေ ၂၃
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဆီဆိုင်မြို့နယ်အတွင်းရှိ မိုးကြိုးစက်ကွင်း ထိမှန် သေဆုံးခဲ့သည့် နွားကောင်ရေ ၅၀ အတွက်
နွားပိုင်ရှင်များအား ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ရှမ်းတောင်ပရဟိတ ညီနောင်များကွန်ရက်တို့က
ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်၏
လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မေလ ၂၃ ရက်က ကျင်းပပြုလုပ်ရာ အစည်းအဝေးတွင်
ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်နှင့် ကမ္ဘောဇဖောင်ဒေးရှင်း ဦးဆောင်နာယ
ဦးအောင်ကိုဝင်းက ယင်းကဲ့သို့ လမ်းညွှန် မှာကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“နာယကကြီးရဲ့ လမ်းညွှန်ချက်နဲ့
ကမ္ဘောဇဖောင်ဒေးရှင်းကနေ တစ်ကောင်ကို ၅ သိန်း သို့မဟုတ် ၇ သိန်း
ထောက်ပံ့သွားပါမယ်။ ထောက်ပံ့ဖို့အတွက် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်က
ကွင်းဆင်းနေပါပြီ။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့နဲ့လည်း
ချိတ်ဆက်ဆောင်ရွက်နေပါတယ်” ဟု ရှမ်းတောင် ပရဟိတညီနောင်များကွန်ရက်မှ ဦးသူရစောသိန်း
(ခ) ကိုတူးငယ် က ပြောသည်။
.
ဆီဆိုင်မြို့နယ်၊ ကောင်ဝါးတောင်ကျေးရွာနှင့် ၂
မိုင်ခန့် အကွာတွင် ပြီးခဲ့သည့် မေလ ၂၁ ရက်၊ ညနေ ၂ နာရီခွဲခန့်က နွားကောင်ရေ ၅၀ မိုးကြိုး
စက်ကွင်း ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ မိုးကြိုးစက်ကွင်း ထိမှန်မှုကြောင့်
လွှတ်ကျောင်းထားသည့် နွားကောင်ရေ ၂၀၀ ဝန်းကျင်အနက် နွားအထီး ၁၄ ကောင်၊ နွားအမ ၃၆ ကောင်၊
စုစုပေါင်း အကောင်ရေ ၅၀ သေဆုံးခဲ့ပြီး နွားပိုင်ရှင်များမှ အိမ်ထောင်စု ၁၇ စုမှ ဖြစ်ကြောင်း
သိရသည်။
.
#ShanGazette #HsiHseng
.

No comments:
Post a Comment