.
မူဆယ်၊ မေ ၂၉
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊
စွမ်စော်ရပ်ကွက်တွင် ယမန်နေ့ မေလ ၂၈ ရက်၊ ညနေပိုင်းက အွန်လိုင်း
လိမ်လည်လောင်းကစားမှုများ ကျူးလွန်လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသားများနှင့်
မြန်မာနိုင်ငံသား ၂၈ ဦးကို ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ
နေအိမ်တစ်လုံးအတွင်း အွန်လိုင်း လိမ်လည်လောင်း ကစားမှုများ လုပ်ကိုင်နေကြောင်း
သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၂၈ ရက်၊ ညနေ ၃ နာရီခွဲခန့်တွင်
ဝင်ရောက်ရှာဖွေစစ်ဆေးရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရားမဝင်
တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား
၃ ဦး၊ အမျိုးသမီး ၂၀ ဦး၊ စုစုပေါင်း အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၂၁ ဦးတို့အား
အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန် ရာတွင် အသုံးပြုသည့် ဖုန်းမျိုးစုံ ၉၆
လုံး၊ All In One ကွန်ပျူတာ ၃၅ လုံး၊ Laptop ၁ လုံး၊ Power Station (အကြီး) ၁လုံး ၊ Power
Station (အသေး) ၁လုံး ၊ WiFi စက် ၃ လုံး၊
ဘတ္ထရီဆိုင်ကယ် ၅ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
