Wednesday, June 3, 2026

🌸 ရွှေညောင်တွင် ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသမီးတစ်ဦး သေဆုံး

.

ရွှေညောင်၊ ဇွန် ၃

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် ယမန်နေ့ ဇွန်လ ၂ ရက်၊ ညနေပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ရွှေညောင်မြို့၊ သုခချမ်းသာရပ်ကွက်၊ ဘူတာလမ်းဆုံအနီး၊ နီလာလမ်းတွင် ယမန်နေ့ ဇွန်လ ၂ ရက်၊ ညနေ ၃ နာရီခွဲ ခန့်က သရက်သီးအိတ်များ တင်ဆောင်မောင်းနှင်လာသည့် ၆ ဘီးယာဉ်နှင့် ဘူတာလမ်းဘက်မှ အမျိုးသမီး ၃ ဦး မောင်းနှင်စီးနင်းလာသည့် Honda Click အမျိုးအစား ဆိုင်ကယ်တို့ ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

🌸 တာချီလိတ်တွင် လျှပ်စစ်ဝန်အား လျှော့ချဖြန့်ဖြူးမည်

.

တာချီလိတ်၊ ဇွန် ၃

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဇွန်လအတွင်း လျှပ်စစ်ဝန်အား လျှော့ချဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း မြို့ သိရသည်။

.

.

ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလတွင် ဓာတ်အားသုံးစွဲမှု များပြားလာသဖြင့် နေ့စဉ် ဓာတ်အားသုံးစွဲမှု အမြင့်ဆုံးအချိန်ဖြစ်သည့် ညနေ ၆ နာရီမှ စတင်ကာ နောက်ပိုင်း နာရီအချို့အထိ လိုအပ်သလို ဝန်အား လျှော့ချ ၍ အလှည့်ကျ ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။