.
တာချီလိတ်၊ မေ ၂၉
.
တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ
ဘိုးဘွားရိပ်သာ ခန်းမတွင် ယနေ့ မေလ ၂၉ ရက်၊ နံနက်ပိုင်းက ဘိုးဘွားများနှင့်
အငြိမ်းစားနိုင်ငံဝန်ထမ်းဟောင်းအသင်းဝင်များအား ကျန်းမာရေး
စောင့်ရှောက်မှုပေးခြင်းနှင့် ဆေးဝါးကုသိုလ်ပြုလှူဒါန်းမှု ပြုလုပ်ခဲ့ကြောင်း
သိရသည်။
.
.ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင်
မြန်မာ-ထိုင်း-လာအို(သုံးနိုင်ငံ) နယ်ခြားကော်မတီ ဆက်ဆံရေး တာဝန်ခံ၊ UBL,BLF
Company မန်နေးဂျင်း ဒါရိုက်တာ၊
နိုင်ငံတော်လူမှုထူးချွန်(တတိယ)အဆင့်၊ ပြည်နယ်လူမှုထူးချွန်(ပထမ)အဆင့် ဦးဘိုလေး က
ဘိုးဘွားများ၏ ကျန်းမာရေးကောင်းမွန်စေရေး၊ ရောဂါများကို ကြိုတင်စစ်ဆေးကာ
အချိန်မီကုသနိုင်ရေး၊ အငြိမ်းစားနိုင်ငံဝန်ထမ်းဟောင်းများ၏ လူမှုဘဝ
ဖူလုံစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုစိတ်ဓာတ်ဖြင့်
ကူညီစောင့်ရှောက်ပေးခြင်းနှင့် ဆေးဝါး ကုသိုလ်ပြု
လှူဒါန်းရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
