Saturday, June 6, 2026

🌸 တောင်ကြီး မြို့တော်ခန်းမတွင် မအိမ့်ချစ်သူနှင့် လူငယ်မောင်မယ်များကို ကြိုဆိုဂုဏ်ပြု

.

တောင်ကြီး၊ ဇွန် ၆

.

တေရသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ၌ ပထမဆု ရရှိသည့် မအိမ့်ချစ်သူ နှင့် ထူးချွန်လူငယ်မောင်မယ်များအား ကြိုဆိုဂုဏ်ပြုသည့် အခမ်းအနားကို တောင်ကြီးမြို့ရှိ မြို့တော်ခန်းမ၌ ယနေ့ ဇွန်လ ၆ ရက်၊ ညနေပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အဆိုပါ အခမ်းအနားသို့ သုတစုံလင် ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ၏ ထူးချွန် လူငယ်မောင်မယ်များ ဖြစ်ကြသည့် မအိမ့်ချစ်သူ၊ ဗဟိုအဆင့် အလယ်တန်းအောင်မြင်သူ ၁၁ ဦး၊ မူလတန်းအဆင့် စတုတ္ထ ရရှိသူ ၁ ဦး၊ ပြည်နယ်အဆင့် အောင်မြင်သူ ၄၃ ဦးတို့နှင့် အတူ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး၊ ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဌ စိုင်းလုံကျော်၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။