Thursday, June 4, 2026

🌸 ကလောမြို့နယ်၊ ကုန်းပေါ်ကျေးရွာတွင် ၄၀၀ ဗို့ဓါတ်အားလိုင်းကြိုး ခိုးယူခံရ

.

ကလော၊ ဇွန် ၅

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ နန်းတိုင်းကျေးရွာအုပ်စု၊ ကုန်းပေါ်ကျေးရွာတွင် မေလ ၂၈ ရက်၊ နံနက်အစောပိုင်းက ၄၀၀ ဗို့ ဓါတ်အားလိုင်းကြိုးများ ခိုးယူခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ကလောမြို့နယ်၊ နန်းတိုင်းကျေးရွာအုပ်စု၊ ကုန်းပေါ်ကျေးရွာသို့ ၃၃/၀.၄ ကေဗွီ ထရန်စဖော်မာမှ ကိုယ်ထူ ကိုယ်ထ ဓါတ်အားဖြန့်ဖြူးပေးနေသည့် ၄၀၀ ဗို့ ဓါတ်အားလိုင်း အခန်း ၅ ခန်းရှိ HDBC No.4 (၄) ကြိုး၊ ခန့်မှန်းအရှည်ပေ ၅၀၀ ခန့်အား မတ်လ ၂၈ ရက်၊ နံနက် ၁ နာရီအချိန်ခန့်က ဖြတ်တောက်ခိုးယူခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

🌸 တောင်ကြီးတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအထိမ်းအမှတ် အခမ်းအနား ကျင်းပ

.

တောင်ကြီး၊ ဇွန် ၅

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ယနေ့ ဇွန်လ ၅ ရက်၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုးက နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း များကို ယှဉ်တွဲဆောင်ရွက်ရန် လိုအပ်သည်ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး က ပြောဆိုခဲ့သည်။

🌸 ကလောတွင် အမျိုးသားတစ်ဦးထံက စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ဖမ်းမိ

.

ကလော၊ ဇွန် ၄

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ယမန်နေ့ ဇွန်လ ၃ ရက်၊ ညနေပိုင်းက အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ အား လက်ဝယ်ထားရှိသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

တောင်ကြီး ခရိုင်မူးယစ်တပ်ဖွဲ့စု ပါဝင်သော ပူးပေါင်းအဖွဲ့က ယမန်နေ့ ဇွန်လ ၃ ရက်၊ ညနေပိုင်းတွင် ကလောမြို့၊ အင်းပြင်ရပ်ကွက်နေ ကျော်လှိုင်ဦး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအိပ်သည့် အိပ်ရာ ဘေးရှိ အမည်းရောင် ကြွပ်ကြွပ်အိတ်အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ ၂ ထုပ်၊ စုစုပေါင်း ဆေးပြား ၄၀၀ အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 တာချီလိတ်မြို့ အမှိုက်သိမ်းဆည်းရေးလုပ်ငန်း အဆင့်မြှင့်တင်နိုင်ရေး ဆွေးနွေး

.

တာချီလိတ်၊ ဇွန် ၄

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ အမှိုက်သိမ်းဆည်းရေးလုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ဇွန်လ ၃ ရက်၊ ညနေပိုင်းက မြို့နယ်စည်ပင် သာယာရေးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

တာချီလိတ်မြို့က နယ်စပ်မြို့တစ်မြို့ ဖြစ်တဲ့အတွက် အမှိုက်တွေ ဒီထက်ပိုပြီး ပြောင်အောင် သိမ်းနိုင်ဖို့၊ သူ့သတ်မှတ်ရက်၊ သတ်မှတ်အချိန်တွေမှာ အချိန်မှန် အမှိုက်သိမ်းနိုင်ဖို့၊ ဗိုလ်ချုပ်လမ်းမကြီးနဲ့ အများပြည်သူ နဲ့ သက်ဆိုင်တဲ့ နေရာတွကို စည်ပင်သာယာဌာနနဲ့ ပူးပေါင်းပြီး သိမ်းဆည်းဖို့၊ ချောင်းတွေ၊ မြောင်းတွေမှာ အမှိုက်မပစ်ဖို့ ကုမ္ပဏီနဲ့ စည်ပင်နဲ့ ပူးပေါင်းပြီး ကြပ်မတ်ဖို့ ဆွေးနွေးခဲ့ပါတယ်” ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က ပြောဆိုထားသည်။