Sunday, May 31, 2026

🌸 ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟ ညောင်ရွှေ စာပြန်ပွဲတော်ကို ၉ ရက်တိုင်တိုင် ကျင်းပမည်

.

ညောင်ရွှေ၊ ဇွန် ၁

.

ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟ ညောင်ရွှေစာပြန်ပွဲတော်ကြီးကို လာမည့် ဇွန်လ ၂၆ ရက် မှ ဇူလိုင်လ ၄ ရက် အထိ ၉ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

.

(၈၆) ကြိမ်မြောက် ဝိနယာဒိနုဂ္ဂဟ စာမေးပွဲတော်ကို ဇွန်လ ၂၆ ရက်မှ ဇွန်လ ၂၉ ရက်နေ့အထိ လည်းကောင်း၊ (၈၉) ကြိမ်မြောက် ဝိနယာဒိနုဂ္ဂဟအာဂုံစာပြန်ပွဲတော်နှင့် အာဂုံ ရေးဖြေပွဲတော်ကို ဇွန်လ ၃၀ ရက်မှ ဇူလိုင်လ ၄ ရက်နေ့အထိလည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

အဆိုပါ ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟ စာပြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် သံဃဩဝါဒခံ ဦးစီးအဖွဲ့ချုပ်၏ လုပ်ငန်းအစည်းအဝေးကို ယမန်နေ့ မေလ ၃၁ ရက်၊ နံနက်ပိုင်းက ညောင်ရွှေမြို့၊ မြို့မ ရန်ကုန်ကျောင်း၌ ပြုလုပ်ခဲ့ပြီး စာပွဲတော်ကြီး၏ ၈၉/၈၆ ကြိမ်မြောက် စာပွဲတော်ကြီးနှစ်ရပ် ကျင်းပနိုင်ရေး အတွက် လုပ်ငန်းကော်မတီများမှ ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်နှင့် ရ/သုံး ငွေစာရင်း (ခန့်မှန်းခြေ)များ အတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

🌸 နမ့်ခမ်းမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသူ များပြား

.

နမ့်ခမ်း၊ မေ ၃၁

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်တွင် ယနေ့ မေလ ၃၁ ရက်၊ နေ့လယ်ပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ အများအပြား ရှိကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။

.

.

TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာ ဘုန်းကြီးကျောင်းအနီးတွင် ယနေ့ မေလ ၃၁ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရသူ များပြားကာ နေအိမ် အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

🌸 ကွန်ဂိုတွင် အီဘိုလာအတည်ပြုလူနာ ၂၀၀ ကျော်အထိရှိလာ

.

တောင်ကြီး၊ မေ ၃၁

.

ကွန်ဂိုင်ငံတွင် အီဘိုလာ အတည်ပြုလူနာ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

.

.

ပြီးခဲ့သည့် ရက်ပိုင်းက အတည်ပြုလူနာ ၁၂၀ ကျော်သာ သာ ရှိခဲ့ရာမှ ယခုအခါ ကူးစက်သူ ၂၀၀ ကျော်အထိ နှစ်ဆနီးပါး မြင့်တက်လာခြင်းဖြစ်သည်။

🌸 တာချီလိတ်တွင် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

.

တာချီလိတ်၊ မေ ၃၁

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ယမန်နေ့ မေလ ၃၀ ရက်၊ ညပိုင်းက ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

ရဲတပ်ဖွဲ့ဝင်များက ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံကို CCTV မှတ်တမ်းများမှတစ်ဆင့် စုံစမ်းနေစဉ် သတင်းအရ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလုကျေးရွာရှိ လော်ဂေါ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။