Sunday, June 7, 2026

🌸 လားရှိုးတွင် လက်ကိုင်ဖုန်း ၂ လုံး ခိုးယူလာသူကို ဖမ်းမိ

.

လားရှိုး၊ ဇွန် ၈

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယမန်နေ့ ဇွန်လ ၇ ရက်၊ နံနက်အစောပိုင်းက လက်ကိုင်ဖုန်း ၂ လုံး ခိုးယူလာသူတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ဇွန်လ ၇ ရက်၊ နံနက် ၃ နာရီခန့်က လုံခြုံရေး လှဉ့်ကင်းဆောင်ရွက်နေစဉ် လားရှိုးမြို့၊ ရပ်ကွက် (၈)၊ သိန္နီလမ်းမပေါ်တွင် မသင်္ကာဖွယ် လမ်းလျှောက်လာသူတစ်ဦးအား ရှာဖွေစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 ရွှေညောင်တွင် နေအိမ်မီးလောင်မှုဖြစ်ပွား

.

ရွှေညောင်၊ ဇွန် ၇

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ရွှေဘုံသာရပ်ကွက် (၁)၊ နယ်မြေ (၂)၊ စိန်ချယ်လမ်းရှိ နေအိမ်တစ်လုံးတွင် ယနေ့ ဇွန်လ ၇ ရက်၊ ည ၈ နာရီ ၂၀ မိနစ်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.



.

မီးလောင်မှုဖြစ်ပွားရာသို့ ရွှေညောင်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

🌸 ရှမ်းစည်ပင်ဝန်ကြီး တာချီလိတ်မြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

.

တာချီလိတ်၊ ဇွန် ၇

.

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ခွန်ထွန်းဖြူ သည် ယနေ့ ဇွန်လ ၇ ရက်၊ နံနက်ပိုင်းက တာချီလိတ်မြို့အတွင်း ဆောင်ရွက်လျက်ရှိသည့် မြို့ပြဖွံ့ဖြိုးရေး၊ ရေစီးရေလာ ကောင်းမွန်ရေး နှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

.

.

ထိုသို့ စစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဘုရင့်နောင်ဈေး လမ်းတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် အရှည် ၁၀၈၀ ပေ၊ အကျယ် ၁၈ ပေ၊ အထူ ၁၀ လက်မရှိ ကွန်ကရစ်လမ်း တည်ဆောက်ရေးလုပ်ငန်း၊ ပုန်းထွန်ရပ်ကွက်၊ အမှတ် (၆) လမ်း၊ အလူရာဟို တယ်အနီးတွင် တည်ဆောက်ထားသည့် အရှည် ၁၄၂၀ ပေရှိ မြေထိန်းနံရံနှင့် ရေထိန်းတံခါး တည်ဆောက် ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပုန်းထွန်လမ်းသွယ် (၁) ရှိ ၂၀ ပေ × ၅ ပေ × ၄ ပေ Box Culvert တည်ဆောက်ထားမှု အခြေအနေများကိုလည်း စစ်ဆေး ကြည့်ရှုရာ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

🌸 စာသင်ကျောင်းနှင့် လူနေအိမ်တံခါးရွက်များ လိုက်လံခိုးယူသူကို ထောင်ဒဏ် ၆ နှစ် ချမှတ်

.

တောင်ကြီး၊ ဇွန် ၇

.

တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် စာသင်ကျောင်းနှင့် လူနေအိမ်များမှ တံခါးရွက်များ လိုက်လံခိုးယူ နေသူကို တောင်ကြီးမြို့နယ်တရားရုံးက ဇွန်လ ၅ ရက်တွင် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

.

.

ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေရပ်ကွက်၊ ရန်မျိုးအောင်လမ်းသွယ်တွင် ပြီးခဲ့သည့် မတ်လ ၃၀ ရက်က အလျား ၆ ပေ၊ အနံ ၂ ပေခွဲခန့်ရှိ ကျွန်းတံခါးရွက်တစ်ချပ်နှင့်အတူ မသင်္ကာဖွယ် အမျိုးသားတစ်ဦးအား တွေ့ရှိသဖြင့် စစ်ဆေးရာ တင်ထွန်းဦး (ခ) ဘုကြီး ဆိုသူဖြစ်ကြောင်း သိရပြီး တံခါးရွက်နှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်း သက်သေအထောက်အထား တစ်စုံတစ်ရာ မပြသနိုင်သဖြင့် ရွှေညောင်မြို့မရဲစခန်းတွင် ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 တောင်ကြီးတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေး ပြုလုပ်

.

တောင်ကြီး၊ ဇွန် ၇

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ စူဠာမုနိ လောကချမ်းသာစေတီတော်တွင် ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် စုပေါင်း သန့်ရှင်းရေး ပြုလုပ်ပြီး အရိပ်ရသစ်ပင်များ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

.

.

"ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့က ကိစ္စတစ်ခုရှိလို့ မလုပ်လိုက်ရတော့ အဲဒီအထိမ်းအမှတ် အနေနဲ့ ဒီနေ့ လုပ်တာပါ။ ဘုရားပေါ်မှာ ပလတ်စတစ်အမှိုက်တွေ ရှင်းလင်းရင်းနဲ့ အပင်စိုက်ဖြစ်ပါတယ်။ အများကြီးတော့ မဟုတ်ပါဘူး။ ရေမြော ၅ ပင်၊ မာတာကွတ် ၅ ပင်ပါ။ ပြီးတော့ မနှစ်က စိုက်ထားတဲ့ အပင်တွေကို ပြန်ပြီးတော့ ထိန်းသိမ်းတာ လုပ်ပါတယ်" ဟု ရှင်သန်ကမ္ဘာမြေအစိမ်းရောင်ကွန်ရက်မှ ဒေါ်ချယ်ရီကျော်က ပြောသည်။