.
ဆီဆိုင်၊ ဇွန် ၃
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့
ဥက္ကဋ္ဌ ခွန်ဖိုးစိန်နှင့် အဖွဲ့သည် ယမန်နေ့ ဇွန်လ ၂ ရက်က ဆီဆိုင်မြို့နယ်၊ နားသံကျေးရွာအုပ်စု၊
နားမွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် နားသံကျေးရွာအုပ်စုနှင့်
နားခုဲင်းကျေးရွာအုပ်စုရှိ ဒေသခံပြည်သူလူထုများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
.
.ထိုသို့ တွေ့ဆုံရာတွင် ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ခွန်ဖိုးစိန်၊
ဒေသဦးစီးအဖွဲ့ဝင် ဦးခွန်ညိုမောင်၊ ဦးခွန်ကျော်အေး၊ ဦးခွန်ဒီဂေါလ် နှင့်
ဦးတင်မိုးအောင်၊ ဆီဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ခွန်ကျော်ရန်နှင့် မြို့နယ်အဆင့်
ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီး မိတ်ဆက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
~1.jpg)

