Friday, June 5, 2026

🌸 တာချီလိတ်တွင် (၃၂) ကြိမ်မြောက် နိကာယ်စာမေးပွဲ (ဝိဒူတန်း) စတင်ဖြေဆို

.

တာချီလိတ်၊ ဇွန် ၅

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မြို့နယ်ဓမ္မာရုံတွင် ယနေ့ ဇွန်လ ၅ ရက်၊ နေ့လယ်ပိုင်းက (၃၂) ကြိမ်မြောက် နိကာယ်စာမေးပွဲ (ဝိဒူတန်း) ကို စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

.

.

နိကာယ်စာမေးပွဲကို တာချီလိတ်မြို့နယ် သံဃာနာယက ဥက္ကဋ္ဌ ဆရာတော် သုဓမ္မာ၊ ရွှေကျင်အမှူးပြုသော အဖွဲ့ဝင်ဆရာတော်များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဇွန်လ ၅ ရက်မှ ၁၀ ရက်အထိ ၅ ရက်တိုင်တိုင် ကျင်းပ သွားမည်ဖြစ်ပြီး စာဖြေသံဃာတော်များနှင့် သီလရှင်ဆရာလေးများ စုစုပေါင်း ၃၅ ပါး ဝင်ရောက် ဖြေဆို လျက်ရှိကြောင်း သိရသည်။

🌸 အကောက်ခွန်မဲ့ ဘီယာဖာများ တင်ဆောင်မောင်းနှင်လာသည့် တရားမဝင် တရုတ်နိုင်ငံသား ယာဉ်မောင်းကို ဖမ်းမိ

.

လားရှိုး၊ ဇွန် ၅

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယနေ့ ဇွန်လ ၅ ရက်၊ နံနက်ပိုင်းက တရုတ်နံပါတ်ပြားတပ် ယာဉ်ဖြင့် ဝင်ရောက်လာသည့် တရားမဝင်တရုတ် နိုင်ငံသားကို အကောက်ခွန်မဲ့ ဘီယာဖာများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

လားရှိုးမြို့အဝင် မယ်ဟန်ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ ယနေ့ ဇွန်လ ၅ ရက်၊ နံနက် ၁၀ နာရီခန့်က တရုတ် နိုင်ငံသုံး နံပါတ်ပြား တပ်ဆင်ထားသည့် ၂၂ ဘီး တွဲယာဉ်တစ်စီး ဝင်ရောက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက စစ်ဆေးရာ တရုတ်နိုင်ငံသားကတ်၊ တရုတ်ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်လာသည့် တရားမဝင် တရုတ်နိုင်ငံသားတစ်ဦးကို တရုတ်နိုင်ငံထုတ် တရားမဝင် အကောက်ခွန်မဲ့ ဘီယာဖာများဖြင့် ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်များကို သက်တမ်းတိုးရန် ပြည်ထောင်စုရှေ့နေချုပ် တင်ပြ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်

.

မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့နယ် ၆၀ ၌ ကြေညာထားသည့် စစ်အုပ်ချုပ်ရေးအမိန့်များကို သက်တမ်းတိုးရန် ပြည်ထောင်စုရှေ့နေချုပ်၊ ဥပဒေရေးရာဝန်ကြီး ဒေါက်တာသီတာဦးက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည် ဟု သိရသည်။

.

.

ယမန်နေ့ ဇွန်လ ၄ ရက်က ပြုလုပ်ခဲ့သည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ဒုတိယပုံမှန်အစည်း အဝေး၊ ပထမနေ့တွင် နိုင်ငံတော်သမ္မတ ကိုယ်စား ဥပဒေရေးရာဝန်ကြီးနှင့် ရှေ့နေချုပ် ဒေါက်တာ သီတာဦးက ယင်းကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။