Monday, June 1, 2026

🌸 တောင်ကြီးတွင် ဆိုင်ကယ်ခိုးယူလာသူ ၂ ဦးကို သက်သေခံ ဆိုင်ကယ်နှင့်အတူ ဖမ်းမိ

.

တောင်ကြီး၊ ဇွန် ၁

.

တောင်ကြီးမြို့၊ ကံသာရပ်ကွက်တွင် ယနေ့ ဇွန်လ ၁ ရက်၊ နံနက်ပိုင်းက မော်တော်ဆိုင်ကယ် ခိုးယူလာသူ ၂ ဦးကို သက်သေခံဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မေတ္တာရှင်လမ်းမပေါ်တွင် ယနေ့ ဇွန်လ ၁ ရက်၊ နံနက်ပိုင်းက အမျိုးသား နှစ်ဦး မောင်းနှင်လာသည့် မသင်္ကာဖွယ်ရာ သော့မပါ ဆိုင်ကယ်တစ်စီးကို ရဲတပ်ဖွဲ့မှ ရပ်တန့်စစ်ဆေးရာမှ ခိုးမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 ကလောမြို့နယ်အတွင်း အခြေခံပညာအဆင့် ကျောင်းသား/သူ ၃ သောင်းကျော် တက်ရောက် ပညာသင်ကြား

.

ကလော၊ ဇွန် ၁

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၃ သောင်းကျော် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

.

.

၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများကို ယနေ့ ဇွန်လ ၁ ရက်တွင် စတင်ဖွင့်လှစ် သင်ကြားနေခြင်းဖြစ်သည်။

🌸 တောင်ကြီးမြို့မဈေးအတွင်း ဂက်စ်အိုးပေါက်ပြီး အသေးစားမီးလန့်မှု ဖြစ်

.

တောင်ကြီး၊ ဇွန် ၁ ရက်

.

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ မြို့မဈေးအတွင်းရှိ ပျံကျ စားသောက်ဆိုင်တန်းတွင် ယမန်နေ့ မေလ ၃၁ ရက်၊ နေ့လယ်ပိုင်းက ဂစ်အိုးအသေး ပေါက်ကွဲပြီး အသေးစား မီးလန့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

“မီးလောင်တာ ဟုတ်ပါတယ်။ လူထိခိုက်မှု မရှိပါဘူး။ ကလေးတစ်ဦးတော့ ဆံပင် မီးလေးဟပ်သွားတာ ပေါ့။ ကြီးကြီးမားမားတော့ မရှိပါဘူး။ ဒါပေမဲ့ သူတို့ကို ဈေးထဲမှာ ဖြစ်နေတာကြောင့် ဆိုင်ရောင်းချခွင့် တစ်လ ပိတ်လိုက်ပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။