.
ရွှေညောင်၊ ဇွန် ၃
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင်
ယမန်နေ့ ဇွန်လ ၂ ရက်၊ ညနေပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးမှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.ရွှေညောင်မြို့၊ သုခချမ်းသာရပ်ကွက်၊ ဘူတာလမ်းဆုံအနီး၊
နီလာလမ်းတွင် ယမန်နေ့ ဇွန်လ ၂ ရက်၊ ညနေ ၃ နာရီခွဲ ခန့်က သရက်သီးအိတ်များ တင်ဆောင်မောင်းနှင်လာသည့်
၆ ဘီးယာဉ်နှင့် ဘူတာလမ်းဘက်မှ အမျိုးသမီး ၃ ဦး မောင်းနှင်စီးနင်းလာသည့် Honda
Click အမျိုးအစား ဆိုင်ကယ်တို့ ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်ပါ အမျိုးသမီး
၃ ဦး အနက် တစ်ဦးတွင် စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သဖြင့် ရွှေညောင် တိုက်နယ်ဆေးရုံမှ
တစ်ဆင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ပေးခဲ့ရာ ယနေ့ ဇွန်လ
၃ ရက်၊ နံနက် ၈ နာရီခန့်တွင် အမျိုးသမီးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း
.
အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ၆ ဘီးယာဉ် မောင်းနှင်သူ
မင်းသူ အား ရွှေညောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
#ShanGazette #ShweNyaung #Accident
.

No comments:
Post a Comment