.
ကလော၊
ဇွန် ၄
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ကလောမြို့တွင် ယမန်နေ့ ဇွန်လ ၃ ရက်၊ ညနေပိုင်းက အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား
၄၀၀ အား လက်ဝယ်ထားရှိသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.တောင်ကြီး
ခရိုင်မူးယစ်တပ်ဖွဲ့စု ပါဝင်သော ပူးပေါင်းအဖွဲ့က ယမန်နေ့ ဇွန်လ ၃ ရက်၊
ညနေပိုင်းတွင် ကလောမြို့၊ အင်းပြင်ရပ်ကွက်နေ ကျော်လှိုင်ဦး၏ နေအိမ်အား
ဝင်ရောက်ရှာဖွေရာ ၎င်းအိပ်သည့် အိပ်ရာ ဘေးရှိ အမည်းရောင် ကြွပ်ကြွပ်အိတ်အတွင်းမှ WY
စာတမ်းပါ
ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ ၂ ထုပ်၊ စုစုပေါင်း ဆေးပြား ၄၀၀ အား
ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ
စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ကျော်လှိုင်ဦးအား
ကလောမြို့မရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော
ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
#ShanGazette #KaLaw #Drugs
.

No comments:
Post a Comment