.
တောင်ကြီး၊ မေ ၃၁
.
ကွန်ဂိုင်ငံတွင် အီဘိုလာ အတည်ပြုလူနာ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း
သိရသည်။
.
.ပြီးခဲ့သည့် ရက်ပိုင်းက အတည်ပြုလူနာ ၁၂၀ ကျော်သာ
သာ ရှိခဲ့ရာမှ ယခုအခါ ကူးစက်သူ ၂၀၀ ကျော်အထိ နှစ်ဆနီးပါး မြင့်တက်လာခြင်းဖြစ်သည်။
.
ကွန်ဂိုနိုင်ငံတွင်း အီဘိုလာ ပျံ့နှံ့မှုနှုန်း
ဆက်လက်မြင့်မားနေပြီး သံသယလူနာ ၁၀၀၀ ကျော်နေပြီဖြစ်ကာ သေဆုံးသူ အရေအတွက်မှာလည်း
၂၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။
.
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကွန်ဂိုနိုင်ငံအခြေအနေကို
ကမ္ဘာ့အရေးပေါ်ကျန်းမာရေး အခြေအနေအဖြစ် သတ်မှတ်ထားပြီး မှတ်တမ်းတင်ထားသမျှ အီဘိုလာ
ကူးစက်မှုများအနက် အမြန်ဆုံးကူးစက်မှု အဖြစ် အတည်ပြုထားသည်။
.
ထို့အပြင် အီဘိုလာရောဂါသည် ကွန်ဂိုနှင့် အိမ်နီးချင်းဖြစ်သည့်
ယူဂန်ဒါ နိုင်ငံအထိပါ ပျံ့နှံ့လာနေပြီး အတည်ပြုလူနာ ၉ ဦးနှင့် သေဆုံးသူ ၁ ဦး ရှိပြီဖြစ်ကြောင်း
သိရသည်။
.
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒ်ရို့စ် က နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်
ကွန်ဂိုအစိုးရကို ပူးပေါင်းကူညီနေကြောင်းနှင့် လူထုပါဝင်မှု အရေးကြီးသည့်အတွက် အတူဖြေရှင်းရန်လိုကြောင်း
ပြောဆိုထားသည်။
.
ကွန်ဂိုနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့်
အီဘိုလာကူးစက်မှုမှာ ဘွန်ဒီဘူဂိုဗိုင်းရပ်စ် ကြောင့်ဖြစ်ပြီး ယင်းဗိုင်းရပ်စ်သည်
ရှားပါးပြီး ပြင်းထန်သည့် အီဘိုလာမျိုးကွဲတစ်ခုဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့
(WHO) က အတည်ပြုထားပြီး လက်ရှိအချိန်အထိ ကာကွယ်ဆေးနှင့် ကုသနည်း
မရှိသေးကြောင်း ကြေညာထားသည်။
.
Source – CNN
.
#ShanGazette #International #Health #Ebola
.

No comments:
Post a Comment