.
တာချီလိတ်၊ မေ ၃၁
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
တာချီလိတ်မြို့နယ်တွင် ယမန်နေ့ မေလ ၃၀ ရက်၊ ညပိုင်းက ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်
တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.ရဲတပ်ဖွဲ့ဝင်များက
ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံကို CCTV
မှတ်တမ်းများမှတစ်ဆင့် စုံစမ်းနေစဉ် သတင်းအရ တာချီလိတ်မြို့နယ်၊
လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလုကျေးရွာရှိ လော်ဂေါ်၏ နေအိမ်ကို
ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထိုသို့
သွားရောက်စစ်ဆေး ရှာဖွေရာတွင် လော်ဂေါ်ကို မတွေ့ရှိရဘဲ ၎င်း၏ဇနီးဖြစ်သူ မီတီးကိုသာ
တွေ့ရပြီး နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၃၂ သိန်းခန့်၊ အိုက်စ် ၄၄ ကီလိုခန့်၊
ဘိန်း ၃ ကီလိုခန့်အပြင် မူးယစ် ဆေးဝါး ထုတ်လုပ်ရာမှာ အသုံးပြုနိုင်သည့်
ဆက်စပ်ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကာ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ၏
စုစုပေါင်း တန်ဖိုးမှာ ငွေကျပ် ၁ ဒသမ ၆၆ ဘီလီယံကျော်ခန့်ရှိ ကြောင်း သိရသည်။
.
အဆိုပါ
မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မီတီးကို စစ်ဆေးမေးမြန်းနေပြီး
ကွင်းဆက် ပါဝင်ပတ်သက်သူများကို စစ်ဆေးလျက်ရှိကာ ထွက်ပြေးတိမ်းရှောင်နေသူ
လော်ဂေါ်ကိုလည်း ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
အလားတူ ယမန်နေ့ မေလ ၃၀
ရက်၊ နံနက်ပိုင်းကလည်း တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းပူးပေါင်း
စစ်ဆေးရေးဂိတ်တွင် စိတ်ကြွဆေးပြား ၁ သိန်း ဖမ်းဆီးရမိခဲ့ပြီး သယ်ဆောင်လာသူမှာ
ဆိုင်ကယ်ဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
.
#ShanGazette #Tachileik #Drugs
.

No comments:
Post a Comment