Monday, June 1, 2026

🌸 ကလောမြို့နယ်အတွင်း အခြေခံပညာအဆင့် ကျောင်းသား/သူ ၃ သောင်းကျော် တက်ရောက် ပညာသင်ကြား

.

ကလော၊ ဇွန် ၁

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၃ သောင်းကျော် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

.

.

၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများကို ယနေ့ ဇွန်လ ၁ ရက်တွင် စတင်ဖွင့်လှစ် သင်ကြားနေခြင်းဖြစ်သည်။

.

အခြေခံပညာအဆင့် ကျောင်းအပ်လက်ခံမှုကို မေလ ၂၅ ရက်မှ စတင်လက်ခံဆောင်ရွက်ခဲ့ရာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူ စုစုပေါင်း ၃၃၄၄၆ ဦး ကျောင်းအပ်နှံခဲ့ပြီး ယနေ့ ဇွန်လ ၁ ရက်တွင် တက်ရောက် ပညာသင်ကြားနေခြင်းဖြစ်ကြောင်း ကလောခရိုင် ပညာရေးမှူးရုံးမှ သိရသည်။

.

#ShanGazette #KaLaw #Education

.

No comments:

Post a Comment