.
တောင်ကြီး၊ ဇွန် ၁
.
တောင်ကြီးမြို့၊ ကံသာရပ်ကွက်တွင် ယနေ့ ဇွန်လ ၁
ရက်၊ နံနက်ပိုင်းက မော်တော်ဆိုင်ကယ် ခိုးယူလာသူ ၂ ဦးကို သက်သေခံဆိုင်ကယ်နှင့်အတူ
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊
မေတ္တာရှင်လမ်းမပေါ်တွင် ယနေ့ ဇွန်လ ၁ ရက်၊ နံနက်ပိုင်းက အမျိုးသား နှစ်ဦး
မောင်းနှင်လာသည့် မသင်္ကာဖွယ်ရာ သော့မပါ ဆိုင်ကယ်တစ်စီးကို ရဲတပ်ဖွဲ့မှ ရပ်တန့်စစ်ဆေးရာမှ
ခိုးမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
စစ်ဆေးပေါ်ပေါက်ချက်အရ ဆိုင်ကယ်မောင်းနှင်သူ
ကိုကိုလတ် နှင့် နောက်မှ လိုက်ပါစီးနင်းလာသူ ကိုကိုဦး တို့သည် ဆိုင်ကယ်နှင့်
ပတ်သက်သည့် ပိုင်ဆိုင်မှုအထောက်အထား တစ်စုံတစ်ရာ မပြသနိုင်ဘဲ အဆိုပါ
မော်တော်ဆိုင်ကယ်အား ယမန်နေ့ မေလ ၃၁ ရက်၊ ညပိုင်းက တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊
ရေထွက်ဦးလမ်းရှိ စတိုးဆိုင် တစ်ခုမှ ခိုးယူခဲ့ခြင်းဖြစ်ကြောင်း
စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
.
အဆိုပါ ဆိုင်ကယ်ခိုးယူမှုနှင့် ပတ်သက်၍
ကိုကိုလတ်နှင့် ကိုကိုဦး ဆိုသူတို့ ၂ ဦးအား အမှုဖွင့်အရေးယူနိုင်ရေး
စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
#ShanGazette #Taunggyi #Crime
.

No comments:
Post a Comment