.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်
.
မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့နယ် ၆၀ ၌ ကြေညာထားသည့်
စစ်အုပ်ချုပ်ရေးအမိန့်များကို သက်တမ်းတိုးရန် ပြည်ထောင်စုရှေ့နေချုပ်၊ ဥပဒေရေးရာဝန်ကြီး
ဒေါက်တာသီတာဦးက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည် ဟု သိရသည်။
.
.ယမန်နေ့ ဇွန်လ ၄ ရက်က ပြုလုပ်ခဲ့သည့် တတိယအကြိမ်
ပြည်ထောင်စုလွှတ်တော်၊ ဒုတိယပုံမှန်အစည်း အဝေး၊ ပထမနေ့တွင် နိုင်ငံတော်သမ္မတ ကိုယ်စား
ဥပဒေရေးရာဝန်ကြီးနှင့် ရှေ့နေချုပ် ဒေါက်တာ သီတာဦးက ယင်းကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အချို့ဒေသများတွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး
လုပ်ငန်းစဉ်များ ဆက်လက် လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း ဒေါ်သီတာဦးက တင်ပြခဲ့ခြင်းဖြစ်သည်။
.
ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်တွင် နိုင်ငံတော်သမ္မတက
မြို့နယ် ၆၀ ကို အရေးပေါ်အခြေအနေ ကြေညာ၍ ယင်းမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့်
တရားစီရင်ရေးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထံ ပေးအပ် ထားခြင်းဖြစ်သည်။
.
အဆိုပါ အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များမှာ
ရှမ်းပြည်နယိမှ ၁၅ မြို့နယ်၊ ရခိုင်ပြည်နယ်မှ ၁၄ မြို့နယ်၊ စစ်ကိုင်းတိုင်းမှ ၈
မြို့နယ်၊ ချင်းပြည်နယ်မှ ၇ မြို့နယ်၊ ကချင်ပြည်နယ်မှ ၅ မြို့နယ်၊ မကွေးတိုင်းမှ ၅
မြို့နယ်၊ ကယားပြည်နယ်မှ ၃ မြို့နယ်၊ ကရင်ပြည်နယ်မှ ၂ မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီးမှ
၁ မြို့နယ်တို့ ပါဝင်ကြောင်း သိရသည်။
.
#ShanGazette #Hluttaw
.

No comments:
Post a Comment