Friday, June 5, 2026

🌸 တာချီလိတ်တွင် (၃၂) ကြိမ်မြောက် နိကာယ်စာမေးပွဲ (ဝိဒူတန်း) စတင်ဖြေဆို

.

တာချီလိတ်၊ ဇွန် ၅

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မြို့နယ်ဓမ္မာရုံတွင် ယနေ့ ဇွန်လ ၅ ရက်၊ နေ့လယ်ပိုင်းက (၃၂) ကြိမ်မြောက် နိကာယ်စာမေးပွဲ (ဝိဒူတန်း) ကို စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

.

.

နိကာယ်စာမေးပွဲကို တာချီလိတ်မြို့နယ် သံဃာနာယက ဥက္ကဋ္ဌ ဆရာတော် သုဓမ္မာ၊ ရွှေကျင်အမှူးပြုသော အဖွဲ့ဝင်ဆရာတော်များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဇွန်လ ၅ ရက်မှ ၁၀ ရက်အထိ ၅ ရက်တိုင်တိုင် ကျင်းပ သွားမည်ဖြစ်ပြီး စာဖြေသံဃာတော်များနှင့် သီလရှင်ဆရာလေးများ စုစုပေါင်း ၃၅ ပါး ဝင်ရောက် ဖြေဆို လျက်ရှိကြောင်း သိရသည်။

.

စာဖြေသံဃာတော်များနှင့် သီလရှင်ဆရာလေးများ စာမေးပွဲဖြေဆိုရာတွင် ဆွမ်း၊ ကွမ်း၊ ဝေယျာဝစ္စနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ မရှိစေရေးအတွက် တာချီလိတ်မြို့မီးလင်းရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ သီရိသုဓမ္မ မဏိဇောတဓရ ဦးတင်လှိုင်နှင့် ကော်မတီဝင်များ၊ အဆွေတော် မီနီမတ်နှင့် မြို့နယ် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

.

အဆိုပါ နိကာယ်စာမေးပွဲကို သာသနာရေးဦးစီးဌာနမှ ကြီးမှူး၍ ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွား စေရေး၊ သံဃာတော်များ၏ ပိဋကတ်စာပေ အရည်အချင်းများ တိုးတက်မြင့်မားလာစေရေးနှင့် သာသနာတော်ဆိုင်ရာ ပညာရပ်များကို စနစ်တကျ လေ့လာဆည်းပူး နိုင်စေရေးတို့အတွက် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

.

#ShanGazette #Tachileik

.

 

 

No comments:

Post a Comment