Monday, June 8, 2026

🌸 ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတင်ကျင်းပ


.

တောင်ကြီး၊ ဇွန် ၉

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ ဇွန်လ ၉ ရက်၊ နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ စတင် ပြုလုပ်လျက် ရှိကြောင်း သိရသည်။

.


.

အစည်းအဝေးတွင် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးတို့က ကြယ်ပွင့်ပြမေးခွန်း ၁၈ ခု လွှတ်တော်သို့ မေးမြန်းသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များက ပြန်လည် ဖြေကြားသွားမည် ဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များ စိစစ်ရေးကော်မတီတို့၏ ကော်မတီဝင်ဦးရေ ပြင်ဆင်သတ်မှတ်ခြင်း၊ ရှမ်းပြည်နယ်အစိုးရ၏ အာမခံ ချက်များ၊ ကတိကဝတ်များနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၊ ရှမ်းပြည်နယ် လွှတ်တော် စည်ပင်သာယာရေး၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးကော်မတီ တို့၏ အမည်စာရင်းကို လွှတ်တော်သို့ ဖတ်ကြားတင်ပြခြင်း၊ ကော်မတီများ၏ သက်တမ်း၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် လျာထားချက် မျာအား ဖတ်ကြားရှင်းလင်းခြင်း တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

ယနေ့ ကျင်းပသော လွှတ်တော်အစည်းအ‌ဝေး ပထမနေ့သို့ တက်ရောက်ခွင့်ရှိသော ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၃၂ ဦး ရှိသည့်အနက် လွှတ်တော်ကိုယ်စားလှယ် ၁၂၁ ဦး တက်ရောက်ပြီး ၁၁ ဦး ခွင့်ပန်ကြား ခဲ့ကြောင်း သိရသည်။

.

#ShanGazette #Taunggyi  #Hluttaw

.

No comments:

Post a Comment