Wednesday, June 17, 2026

🌸 ရွှေညောင် အထကတွင် အသက် ၁၀ နှစ်ပြည့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ပြုလုပ်ပေး

.

ရွှေညောင်၊ ဇွန်၁၇

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေ‌ညောင်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၊ ရွှေညောင် တွင် ယနေ့ ဇွန်လ ၁၇ ရက်၊ နံနက်ပိုင်းက ကျောင်းရှိ အသက် ၁၀ နှစ်ပြည့် ကျောင်းသား/သူ များအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

.

.

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်ကြီးမြို့နယ် ဦးစီးမှူးရုံးက ယနေ့ ဇွန်လ ၁၇ ရက်တွင် တောင်ကြီးမြိုပေါ် စာသင်ကျောင်းများ၌ ၂ ဖွဲ့၊ အေးသာယာ ၁ ဖွဲ့နှင့် ရွှေ‌ညောင် ၁ ဖွဲ့ အဖွဲ့များခွဲကာ လမင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။