.
ရွှေညောင်၊ ဇွန်၁၇
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ
အခြေခံပညာအထက်တန်းကျောင်း၊ ရွှေညောင် တွင် ယနေ့ ဇွန်လ ၁၇ ရက်၊ နံနက်ပိုင်းက ကျောင်းရှိ
အသက် ၁၀ နှစ်ပြည့် ကျောင်းသား/သူ များအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိကြောင်း
သိရသည်။
.
.လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊
တောင်ကြီးမြို့နယ် ဦးစီးမှူးရုံးက ယနေ့ ဇွန်လ ၁၇ ရက်တွင် တောင်ကြီးမြိုပေါ် စာသင်ကျောင်းများ၌
၂ ဖွဲ့၊ အေးသာယာ ၁ ဖွဲ့နှင့် ရွှေညောင် ၁ ဖွဲ့ အဖွဲ့များခွဲကာ လမင်းစီမံချက်ဖြင့်
ကွင်းဆင်းဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်မှ
ဇူလိုင်လ ၃၁ ရက်အထိ ရက်တစ်ရာ လမင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား၊ UID
နှင့် အိမ်ထောင်စုဇယားများကို ဆောင်ရွက်ပေးနေပြီး ရက်တစ်ရာ
နောက်ပိုင်းတွင် လည်း ဌာနလုပ်ငန်းများအတိုင်း
ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
ကျောင်းသား/သူများ အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်
ရရှိပါက နိုင်ငံခြား ပညာတော်သင် သွားရောက်ခြင်း အပါအဝင် အခြား လူမှုစီးပွားရေးလုပ်ငန်းများ
ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း
သိရသည်။
.
#ShanGazette #ShweNyaung
.

No comments:
Post a Comment