Thursday, April 23, 2026

🌸 တာချီလိတ်မြို့နယ်အတွင်းရှိ မြစ်၊ ချောင်းများ၏ မြေပေါ်ရေအရည်အသွေးအား တိုင်းတာ

.

တာချီလိတ်၊ ဧပြီ ၂၃

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ မြစ်၊ ချောင်းများ၏ ရေနမူနာ ကောက်ယူ၍ မြေပေါ် ရေအရည်အသွေး တိုင်တာခြင်းလုပ်ငန်းကို ယနေ့ ဧပြီလ ၂၃ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

ထိုသို့ ရေနမူနာကောက်ယူတိုင်းတာရာတွင် တာချီလိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများက တိုင်းတာ အမှတ်(၁) ကို လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ မယ်ဆိုင်ချောင်း (လွယ်တော်ခမ်းတံတား)တွင် လည်းကောင်း၊ တိုင်းတာအမှတ်(၂) ကို မယ်ခေါင်ရပ်ကွက်ရှိ မယ်ဆိုင်ချောင်း မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားအနီးတွင် လည်းကောင်း၊ တိုင်းတာအမှတ် (၄)ကို ဆေခမ်း ရပ်ကွက်ရှိ မယ်ဟုတ်ချောင်း ဦးထွန်းအောင် တံတားအနီးတွင် လည်းကောင်း၊ တိုင်းတာအမှတ် (၅) မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာ အုပ်စုရှိ မယ်ဟောက်ချောင်းနှင့် မဲခေါင် မြစ်ဆုံမှတ် ပါရာဒိုက်ဟိုတယ်အနီး တွင်လည်းကောင်း၊ တိုင်းတာအမှတ်(၆)ကို မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ် မိုင်းဖုန်း(က) ကျေးရွာအုပ်စုရှိ မဲခေါင်မြစ်၊ ဝမ်ပုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအနီးတွင် လည်းကောင်းတိုင်းတာပြီး မယ်ခေါင်ရပ်ကွက်ရှိ စည်ပင်ရုံးအနီးတံတား နမ့်မယ်ခေါင်ချောင်းအတွင်းရှိ တိုင်းတာအမှတ် (၃) မှာ နွေရာသီကာလ ရေများခမ်းခြောက်နေ၍ တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

.

အဆိုပါ တိုင်းတာအမှတ်များတွင်  pH,pH(mv), ORP, TDS, Salinity, Turbidity, Conductivity, Temperature, DO , water depth စသည့် parameter ၁၀ မျိုးတို့ကို  Multi Parameter Water Quality meter (U53G) ဌာနပိုင်ရေအရည်အသွေး တိုင်းတာသည့်စက်ဖြင့် Onsite တိုင်းတာဆောင်ရွက်ပြီး ရေနမူနာကောက်ယူကာ ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး တောင်ကြီးမြို့ရှိ ပတ်ဝန်းကျင်ရေအရည်အသွေးဓာတ်ခွဲခန်းသို့ ပို့ဆောင်ကာ ရေအရည်အသွေးရလဒ်များ ရရှိပါက အများပြည်သူ သိရှိစေရန် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

.

#ShanGazette #Tachileik

.

No comments:

Post a Comment