Sunday, April 26, 2026

🌸တာချီလိတ်တွင် မနက်ဖြန် ဧပြီ ၂၇ ရက်၌ လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်

.

တာချီလိတ်၊ ဧပြီ ၂၆

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မနက်ဖြန် ဧပြီလ ၂၇ ရက်၌ လျှပ်စစ်မီး အချိန်ပိုင်းအားဖြင့် ပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

.

.

ဓာတ်အားသုံးစွဲသူ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ပျောက်ဆုံးယူနစ် လျော့ကျရေးတို့အတွက် မီးလင်းရေးဦးဆောင်ကော်မတီ၏ ဓာတ်အားဖြန့်ဖြူးမှု စနစ်အတွင်း ယခင်သွယ်တန်း အသုံးပြုထားသော ဓာတ်အားလိုင်းကြိုးများအား အဆင့်မြှင့်တင်အစားထိုးလဲလှယ်ခြင်းနှင့် လိုအပ်သော ကြားတိုင် ထပ်တိုး စိုက်ထူခြင်းလုပ်ငန်းများအား ဆောင်ရွက်မည်ဖြစ်သဖြင့် လျှပ်စစ်မီး ဖြတ်တောက်ခြင်း ဖြစ်ကြောင်း သိရသည်။

.

ထိုသို့ဆောင်ရွက်ရာတွင် ပုန်းထွန်ရပ်ကွက်၊ ငွေစေတီလမ်း၊ ငွေတောင်ဦးကျောင်းရှေ့မှ စဝ်စံထွန်းလမ်း တစ်လျှောက်သွယ်တန်းထားသော 22 KV ဓာတ်အားလိုင်းတွင် ယခင်သွယ်တန်း အသုံးပြုထားသော ACSR-50 sqmm လိုင်းကြိုးများအား SAC-185 sqmm လိုင်းကြိုးများဖြင့် အဆင့်မြှင့်တင်အစားထိုးလဲလှယ်ရန်၊ လိုအပ်သောကြားတိုင်ထပ်တိုး စိုက်ထူခြင်း လုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်သည်။

.

သို့ဖြစ်၍ လုပ်ငန်းများဆောင်ရွက်စဉ် ဝမ်ကောင်းရပ်ကွက်၊ ဝမ်ကောင်းမြို့မဈေးအပိုင်းအချို့၊ မင်္ဂလာလမ်း တစ်လျှောက်၊ မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတား အစိတ်အပိုင်းအချို့၊ ပုန်းထွန်ရပ်ကွက်၊ စဝ်စံထွန်း လမ်းမကြီးတစ်လျှောက်နှင့် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဖတ်ဟိကျေးရွာထိ လုပ်ငန်းလို အပ်ချက်အရ ဧပြီ ၂၇ ရက်နံနက် ၉ နာရီမှ မွန်းလွဲ ၄ နာရီအချိန်ထိ အချိန်ပိုင်း ဓာတ်အားဖြတ်တောက်မည် ဖြစ်ပြီး လုပ်ငန်းများဆောလျင် စွာပြီးစီးလျှင် ဓာတ်အားသုံးစွဲပြည်သူများအား အမြန်ဆုံး ဓာတ်အား ပြန်လည် ပို့လွှတ်မည်ဖြစ်ကြောင်း မြို့မီးလင်းရေးဦးဆောင်ကော်မတီက ကြေညာထားသည်။

.

#ShanGazette #Tachileik

.

No comments:

Post a Comment