.
လားရှိုး၊ ဧပြီ ၂၅
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင်
ယမန်နေ့ ဧပြီလ ၂၄ ရက်က လွှတ်တော်ကိုယ်စားလှယ်များရုံးခန်း ဖွင့်လှစ်ခဲ့ကြောင်း
သိရသည်။
.
.အဆိုပါ ရုံးခန်းတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
ဒေါက်တာကျော်ထွန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးထွန်း အပါအဝင်
ရှမ်းမြောက်ဒေသရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၁ ဦး
ရုံးထိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
“မိမိတို့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့
ပြည်သူ့အကျိုးကို ဆောင်ရွက်ပေးကြဖို့ ပြည်သူတွေက ရွေးချယ်ပေးလိုက်ကြသူတွေ
ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ လိုလားချက် အခက်အခဲတွေကို ပေါင်းစပ် လုပ်ကိုင်ပေးကြမှာ
ဖြစ်ပါတယ်။ ရှမ်းမြောက်မှာ နေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ မိမိတို့ လွှတ်တော်
ကိုယ်စားလှယ်ရုံးကို ဝင်ထွက်သွားလာကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု လားရှိုးမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မျိုးထွန်းက ပြောသည်။
.
အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များ ရုံးခန်းကို
လားရှိုးမြို့၊ ကွတ်ခိုင်လမ်းမပေါ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်
ဖွံ့ဖြိုးရေးပါတီရုံးဝင်းအတွင်း ဖွင့်လှစ်ထားကြောင်း သိရသည်။
.
#ShanGazette #Lashio #Parliament
.

No comments:
Post a Comment