.
တောင်ကြီး၊ ဧပြီ ၂၆
.
တောင်ကြီးမြို့နယ်၊ ဘန့်ကွေးကျေးရွာအုပ်စု၊ သင်္ဘောကျေးရွာရှိ
မင်္ဂလာစေတီတော်မြတ်ကြီး ပြန်လည် ပြုပြင်မွမ်းမံခြင်းနှင့် ဗုဒ္ဓပူဇနိယပွဲတော်ကို
ယနေ့ ဧပြီလ ၂၆၊ နံနက်ပိုင်းက အဆိုပါ စေတီတော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.အခမ်းအနားတွင် ဘုရားဒါယကာ ဦးလှဌေး+ဘုရားဒါယိကာမ
နန်းခမ်းအေး (ပအိုဝ်းမ အိမ်ခြံမြေ ရောင်းဝယ်ရေး) မိသားစုနှင့်
သင်္ဘောရွာသူ/ရွာသား၊ ရပ်နီးရပ်ဝေး ခုနစ်ရက်သားသမီးအလှူရှင်တို့က
ဘုရားဆင်းတုတော်ကို ပင့်ဆောင်ပူဇော်ပြီး စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူပူဇော်ခြင်း၊
နှစ်သစ်မင်္ဂလာ တရားတော်နာယူခြင်း၊ ဘုရားရင်ပြင်တော် နိမိတ်ကြီး(၄)ပါး
အုတ်တံတိုင်းများ ပြန်လည်ပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်း စသည့်ကုသိုလ်ကောင်းမှုများ၏
အဖို့ဘာဂကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
.
ထို့နောက် ဆရာတော်၊ သံဃာတော်များအား
ဆွမ်းဆက်ကပ်လှူဒါန်းပြီး တရားတော်နာယူခဲ့ကြကြောင်း သိရသည်။
.
အဆိုပါ မင်္ဂလာစေတီကို ကောဇာသက္ကရာဇ် ၁၃၂၃ ခုနှစ်မှ
၁၃၂၅ ခုနှစ်အထိ အလှူရှင်တစ်ဦးက ပထမ အကြိမ် ပြုပြင်မွမ်းမံခဲ့ပြီး ယခု အခါ အလှူဒါယကာ
ဦးလှဌေး + အလှူဒါယိကာမ ဒေါ်နန်းခမ်းအေး “ပအိုဝ်းမ အိမ်ခြံမြေ မိသားစု” တို့က အလှူတော်ငွေကျပ်
သိန်း ၂၃၀၀ အကုန်အကျခံ၍ ဒုတိယအကြိမ် ပြန်လည်ပြုပြင်မွမ်းမံခြင်းဖြစ်ကြောင်း သိရသည်။
.
#ShanGazette #Taunggyi
.
.jpg)
No comments:
Post a Comment