Thursday, April 23, 2026

🌸တာချီလိတ်တွင် အသက် ၁၀ နှစ်အရွယ် တူမအား ရိုက်နှက်ညှဉ်းပန်းသူ အဒေါ်ဖြစ်သူကို အရေးယူမည် ဟုဆို

.

တာချီလိတ်၊ ဧပြီ ၂၃

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယမန်နေ့ ဧပြီလ ၂၂ ရက်က ဖြစ်ပွားခဲ့သည့် အသက် ၁၀ နှစ်အရွယ် တူမဖြစ်သူ မိန်းကလေးငယ်အား ရိုက်နှက်ညှဉ်းပန်း ဆုံးမသူ အဒေါ်ဖြစ်သူကို အမှုဖွင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

.

.

တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ (၁) ရှိ နေအိမ်တစ်ခုတွင် ယမန်နေ့ ဧပြီလ ၂၂ ရက်က အဒေါ်ဖြစ်သူ ဒေါ်လောမိန့် ဆိုသူက အသက် ၁၀ နှစ်အရွယ် ရိုက်နှက်ညှဉ်းပန်း နှိပ်စက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများက ခေါ်ယူစစ်ဆေးမေးမြန်းရာ အဒေါ်ဖြစ်သူ ဒေါ်လာမိန့် သည် မိဘများနှင့် ကွဲကွာနေသည့် တူမအား ခေါ်ယူမွေးစားကာ အိမ်ထောင်စုစာရင်းသွင်း၍ တရုတ်ကျောင်း (၅) တန်းအထိ ထားပေးခဲ့ပြီး အခင်းဖြစ်ပွားသည့်နေ့တွင် တူမဖြစ်သူမှာ အိမ်မှုကိစ္စများ မလုပ်သဖြင့် အုပ်ထိန်းသူအနေဖြင့် ဆုံးမခဲ့ရာမှ စိတ်မထိန်းနိုင်ဘဲ လက်လွန်ကာ ဒဏ်ရာများ ရရှိသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

သို့ဖြစ်၍ ပြစ်မှုကျူးလွန်သူ ဒေါ်လောမိန့်အား ဟောင်လိတ်နယ်မြေရဲစခန်းက ဥပဒေအရ အရေးယူနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပြီး ရိုက်နှက်ခံရသူ အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်အား တာချီလိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနက ကလေးသူငယ် ထိန်းသိန်းစောင့်ရှောက်ရေးဂေဟာသို့ ပို့ဆောင် ထိန်းသိမ်း စောင့်ရှောက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

#ShanGazette #Tachileik

.

No comments:

Post a Comment