Thursday, April 23, 2026

🌸 တာချီလိတ်တွင် ဘိန်းစာရွက် ကီလို ၄၀ ဖမ်းဆီးရမိ

.

တာချီလိတ်၊ ဧပြီ ၂၄

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယမန်နေ့ ဧပြီလ ၂၃ ရက်၊ နေ့လယ်ပိုင်းက ဘိန်းစာရွက် ကီလို ၄၀ နှင့် ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ယမန်နေ့ ဧပြီလ ၂၃ ရက်၊ နေ့လယ် ၁ နာရီခန့်က တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့တွင်း (၄) လမ်းရှိ နေအိမ်ဆိုင်ခန်း အား ဝင်ရောက်ရှာဖွေရာ စိုင်းလုံဆိုင် နှင့်အတူ ဘိန်းစာရွက် (ကထော့်) ၄၀ ကီလို ဂရမ်ခန့်၊ ဒေသတန်ဖိုး တစ်ကီလိုလျှင် ငွေ ၄၀၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် ၁၆ သိန်းခန့်နှင့်အတူ ဘိန်းစာရွက် ချက်လုပ်ရာတွင် အသုံးပြုသည့် စပ်ဆက်ပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 .

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ စိုင်းလုံဆိုင် အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

.

#ShanGazette #Tachileik

.

No comments:

Post a Comment