.
တောင်ကြီး၊ ဇွန် ၁၂
.
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်
ဒုတိယပုံမှန်အစည်းအဝေးတွင် လွှတ်တော်ရေးရာကော်မတီ ၆ ခု ဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း
သိရသည်။
.
.ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးများကို
ဇွန်လ ၉ ရက်မှ ယနေ့ ဇွန်လ ၁၂ ရက်အထိ ၄ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
လွှတ်တော်အစည်းအဝေး ၄ ရက်အတွင်း
လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက ကြယ်ပွင့်ပြမေးခွန်း ၇၀ ခု မေးမြန်းခြင်းနှင့်
သက်ဆိုင်ရာ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များက ဖြေကြားခြင်း၊ လွှတ်တော်
ရေးရာကော်မတီ ၆ ခု ဖွဲ့စည်းခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
.
ဖွဲ့စည်းခဲ့သည့် ကော်မတီများမှာ ရှမ်းပြည်နယ်အစိုးရ၏
အာမခံ ချက်များ၊ ကတိကဝတ်များနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၊ စည်ပင်သာယာရေး၊
ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ကော်မတီ၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ
ကော်မတီ၊ တရားဥပဒေစိုးမိုးရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် တိုင်ကြားစာများ
စိစစ်ရေးကော်မတီ၊ ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာ
ကော်မတီနှင့် ပြည်နယ်သစ်တော၊ သတ္တု၊ သယံဇာတနှင့် သဘာဝပတန်ဝန်းကျင်
ထိန်းသိမ်းရေးနှင့် လျှပ်စစ် ရေးရာကော်မတီတို့ဖြစ်ကြောင်း သိရသည်။
.
အစည်းအဝေး စတုတ္ထနေ့တွင်
ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
ဆောင်ရွက်ချက်များ အပါအဝင် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်း
တင်ပြခဲ့ကြောင်း သိရသည်။
.
#ShanGazette #Taunggyi #Hluttaw
.

No comments:
Post a Comment