.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊
အင်းလေးဒေသ၊ အိုင်ထောင့်ကြီးကျေးရွာတွင် ကမ္ဘောဇဖောင်ဒေးရှင်းနှင့် Rotary
International တို့ စုပေါင်း၍ Rotary-KBZ ကျေးရွာ
တည်ဆောက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
.“ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အိမ်တွေအတွက်
အစားထိုး (ကျေးရွာ) ပြန်တည်ပေးတာပါ။ ၃၇ လုံး လှူဒါန်းပါမယ်။ သီးခြားအလှူရှင်က ၇ ဦး
ရှိပါတယ်။ ကျန်တဲ့ ၃၀ ကို ကမ္ဘောဇဖောင်ဒေးရှင်းနဲ့ Rotary International တို့က တည်ပေးမှာပါ။ ဆေးပေးခန်းက Rotary International က လှူတယ်။ စာသင်ကျောင်း က ကမ္ဘောဇဖောင်ဒေးရှင်းက လှူပါတယ်” ဟု
တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
အဆိုပါ Rotary-KBZ ကျေးရွာ
ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို ယမန်နေ့ ဇွန်လ ၁၁ ရက်၊ နံနက်ပိုင်းက ပြုလုပ်ရာ
ကမ္ဘောဇဖောင်ဒေးရှင်း နာယက ဦးအောင်ကိုဝင်းနှင့်
ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်မှ တာဝန်ရှိသူများ၊ Rotary International
(District 3350) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
အခမ်းအနားတွင် ကမ္ဘောဇဖောင်ဒေးရှင်း နာယက
ဦးအောင်ကိုဝင်းနှင့် Rotary International (District 3350)
မှ တာဝန်ရှိသူများက Rotary-KBZ Village ဆောက်လုပ်ရန်အတွက်
အိမ် ၁ ၏ မင်္ဂလာပန္နက် ရိုက်ပေးကြပြီး အောင်သပြေခက်ဖြင့် မင်္ဂလာအောင်ရေ
ပက်ဖြန်းပေးခဲ့ကြကြောင်း သိရသည်။
.
ထို့နောက် ကမ္ဘေဇအုပ်စုကုမ္ပဏီလီမိတက်
ဒုတိယဥက္ကဌ ဦးညိုမြင့်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး နေအိမ် ၁၅
လုံးဆောက်လုပ်ရန် ကုန်ကျငွေ ကျပ် သိန်း ၉၀၀၀ ကို Rotary International
(District 3350) မှ တာဝန်ရှိသူထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
.
အဆိုပါ Rotary-KBZ Village တွင် အိမ်တစ်လုံးတန်ဖိုး ငွေကျပ် သိန်း ၆၀၀ နှုန်းဖြင့် စုစုပေါင်း နေအိမ်
၃၇ လုံးကို KBZ Foundation နှင့် Rotary
International (District 3350) တို့က Rotary-KBZ Village အမည် ဖြင့် ပူးပေါင်းဆောက်လုပ် လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့နောက် ကမ္ဘောဇဖောင်ဒေးရှင်း နာယက
ဦးအောင်ကိုဝင်းနှင့် တာဝန်ရှိသူများ၊ Rotary International (District 3350) မှ တာဝန်ရှိသူများသည် အိုင်ထောင့်ကြီး
ကျန်းမာရေးစောင့်ရှောက်မှုဌာနသို့ သွားရောက် ကြပြီး တည်ဆောက်လှူဒါန်းထားသော
ကျန်းမာရေးစောင့်ရှောက်မှုဌာနတွင် လှည့်လည်ကြည့်ရှုကာ အဆောက်အဦသစ်ကို ဖဲကြိုးဖြတ်
ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
.
ထို့နောက် Rotary International
(District 3350) မှ တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှု
ဌာနနှင့် ပတ်သက်သော စာရွက်စာတမ်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူထံ
လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရသည်။
.

No comments:
Post a Comment