.
ပင်းတယ၊ ဇွန် ၁၀
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ယနေ့ ဇွန်လ ၁၀ ရက်၊
နေ့လယ်ပိုင်းက နေအိမ်မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
ပင်းတယမြို့၊ သီရိမင်္ဂလာရပ်ကွက်ရှိ
နေအိမ်တစ်လုံးတွင် ယနေ့ ဇွန်လ ၁၀ ရက်၊ နေ့လယ် ၁၁ နာရီခွဲ ခန့်က မီးလောင်မှု
ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မီးလောင်မှု ဖြစ်ပွားရာသို့
ပင်းတယမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး၊
သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ
ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း
သိရသည်။
.
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ဖြစ်ပွားရသည့်
အကြောင်းအရင်းနှင့် ပျက်စီဆုံးရှုံးမှု အခြေအနေများကို မသိရှိရသေးချေ။
.
#ShanGazette #PinDaYa #Fire
.

No comments:
Post a Comment