Wednesday, June 10, 2026

🌸 တောင်ကြီးတွင် အမျိုးသမီး ဦးဆောင်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖိုရမ် ပြုလုပ်

.

တောင်ကြီး၊ ဇွန် ၁၀

.

အမျိုးသမီး ဦးဆောင်သော အသေးစား အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖိုရမ် ၂၀၂၆ ကို ယမန်နေ့ ဇွန်လ ၉ ရက်က တောင်ကြီးမြို့၊ Jasmine Hotel, Taunggyi တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

ဖိုရမ်တွင် မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါက်တာစုလှဟန် က နှုတ်ခွန်းဆက် စကား ပြောကြားခဲ့ပြီး အမျိုးသမီးများကွန်ရက် (ရှမ်းပြည်နယ် တောင်ကြီး) ဥက္ကဋ္ဌ ဒေါ်ရတနာဇော်က ဖိုရမ် ၏ ရည်ရွယ်ချက်နှင့် အစီအစဉ်အသေးစိတ်ကို မိတ်ဆက်ပြောကြားခဲ့ကြောင်း သိရသည်။

.

ထို့နောက် နေ့လယ်ပိုင်းတွင် ကျွမ်းကျင်ပညာရှင်များက AI နှင့် စီးပွားရေး အသွင်ကူးပြောင်းမှု၊ အမျိုးသမီး ဦးဆောင် MSMEs များ ၏ လက်တွေ့ ခရီးစဉ် စသည့် ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးဟောပြောခဲ့ကြ ကြောင်း သိရသည်။

.

အခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ခိုင်ဇာလင်းနောင်၊ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ ဇနီး ဒေါ်သီတာဦး၊ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်အေးချိုစိန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကုန်သည်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူ များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စွန့်ဦးတီထွင် အမျိုးသမီးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။

.

#ShanGazette #Taunggyi

.

No comments:

Post a Comment