.
တောင်ကြီး၊ ဇွန် ၁၇
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင်
ယမန်နေ့ ဇွန်လ ၁၆ ရက်၊ ညနေပိုင်းက ဘိန်းဖြူ ၅၈ ဂရမ် နှင့်အတူ ရောင်းဝယ်သူ ၂ ဦးကို
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.တောင်ကြီးခရိုင်ရဲတပ်ဖွဲ့၊
မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ဇွန်လ ၁၆ ရက်၊ ညနေ
၄ နာရီခန့်က တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ နယ်မြေ (၄)၊ ရတနာလမ်းမပေါ်တွင်
ပိတ်ဆို့စစ်ဆေး ရှာဖွေမှုများ ပြုလုပ်နေစဉ် ယင်းလမ်းပေါ်တွင် တွေ့ရှိသူ ထက်ဇော်နောင်
ထံမှ ဘိန်းဖြူ ၄၈ ဂရမ်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ဖမ်းဆီးရမိသူ ထက်ဇော်နောင် အား
စစ်ဆေးမေးမြန်းရာ အဆိုပါ ဘိန်းဖြူ မူးယစ်ဆေးဝါး များအား တောင်ကြီးမြို့၊
ဘုရားဖြူရပ်ကွက်နေ စိုင်းထွန်း (ခ) ကျော်ထူး (ခ) လီကျူးရင် (ခ) သွားကျိုး ထံမှ
ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် စိုင်းထွန်းအား ဘိန်းဖြူထပ်မံဝယ်ယူမည်
ဟုဆိုကာ တောင်ကြီး မြို့၊ ရေအေးကွင်းရပ်ကွက်၊ ပန်းတင်လမ်းမနှင့် မြစိမ်းတောင်
အတက်လမ်းကြားရှိ လူသွားလမ်းတွင် ချိန်းဆို ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ထို့နောက် စိုင်းထွန်း (ခ) ကျော်ထူး (ခ)
လီကျူးရင် (ခ) သွားကျိုး အား ရှာဖွေစစ်ဆေးရာ ၎င်းဝတ်ဆင် ထားသည့်
ဘောင်းဘီရှည်အိတ်ထောင်အတွင်း မှ မူးယစ်ဆေးဝါး (ဘိန်းဖြူ) အလေးချိန် ၁၀ ဂရမ်ခန့်အား
ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဘိန်းဖြူ မူးယစ်ဆေးဝါးများ
ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ထက်ဇော်နောင် နှင့် စိုင်းထွန်း (ခ) ကျော်ထူး (ခ)
လီကျူးရင် (ခ) သွားကျိုး တို့အား သက်ဆိုင်ရာ ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အသီးသီး
အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
.
#ShanGazette #Taunggyi #Drugs #Heroin
.

No comments:
Post a Comment