.
ရွှေညောင်၊ ဇွန် ၇
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊
ရွှေဘုံသာရပ်ကွက် (၁)၊ နယ်မြေ (၂)၊ စိန်ချယ်လမ်းရှိ နေအိမ်တစ်လုံးတွင် ယနေ့ ဇွန်လ
၇ ရက်၊ ည ၈ နာရီ ၂၀ မိနစ်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မီးလောင်မှုဖြစ်ပွားရာသို့ ရွှေညောင်မီးသတ်စခန်းမှ
မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ
ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
.
မီးလောင်မှုမှာ အိမ်ရှင်ဖြစ်သူ တင့်နိုင်ဝင်း (ခ)
အီကွေး သည် အိပ်ရာပေါ်တွင် ဆေးလိပ်သောက်ရာ ဂွမ်းကပ် အိပ်ရာခင်းပေါ်သို့ ဆေးလိပ်မီး
ပြာချွေချမိရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကာ
ကာလတန်ဖိုး ၁၂၅၀၀၀၀ ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
.
အဆိုပါ မီးလောင်မှုကြောင့် လူနှင့် အခြား ထိခိုက်မှု
မရှိဘဲ မီးပေါ့ဆစွာ အသုံးပြုသူ အိမ်ရှင် တင့်နိုင်ဝင်း (ခ) အီကွေး အား ရွှေညောင် နယ်မြေ
ရဲစခန်းတွင် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
#ShanGazette #ShweNyaung #Fire
.

No comments:
Post a Comment