Sunday, June 7, 2026

🌸 ရှမ်းစည်ပင်ဝန်ကြီး တာချီလိတ်မြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

.

တာချီလိတ်၊ ဇွန် ၇

.

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ခွန်ထွန်းဖြူ သည် ယနေ့ ဇွန်လ ၇ ရက်၊ နံနက်ပိုင်းက တာချီလိတ်မြို့အတွင်း ဆောင်ရွက်လျက်ရှိသည့် မြို့ပြဖွံ့ဖြိုးရေး၊ ရေစီးရေလာ ကောင်းမွန်ရေး နှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

.

.

ထိုသို့ စစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဘုရင့်နောင်ဈေး လမ်းတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် အရှည် ၁၀၈၀ ပေ၊ အကျယ် ၁၈ ပေ၊ အထူ ၁၀ လက်မရှိ ကွန်ကရစ်လမ်း တည်ဆောက်ရေးလုပ်ငန်း၊ ပုန်းထွန်ရပ်ကွက်၊ အမှတ် (၆) လမ်း၊ အလူရာဟို တယ်အနီးတွင် တည်ဆောက်ထားသည့် အရှည် ၁၄၂၀ ပေရှိ မြေထိန်းနံရံနှင့် ရေထိန်းတံခါး တည်ဆောက် ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပုန်းထွန်လမ်းသွယ် (၁) ရှိ ၂၀ ပေ × ၅ ပေ × ၄ ပေ Box Culvert တည်ဆောက်ထားမှု အခြေအနေများကိုလည်း စစ်ဆေး ကြည့်ရှုရာ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

.

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် ဆန်ဆိုင်း(က)ရပ်ကွက်ရှိ UBL ပုဂ္ဂလိကအမှိုက်နှင့် မိလ္လာ သိမ်းဆည်းရေးလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးကာ မြို့သန့်ရှင်းရေးနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

.

ထို့နောက် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမတွင် ပြည်နယ်စည်ပင် သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းနှင့်တာဝန်ရှိသူများက မြို့ရေပေးဝေရေး ဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

.

ထို့အပြင် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် မယ်ခေါင်ချောင်းအတွင်း နုန်း ဆယ်ယူနေမှုအခြေအနေ၊ ရွှေဝါနဒီ ပန်းခြံတည်ဆောက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မယ်ခေါင်ချောင်း ရေထိန်းတံခါး (Sluice Gate) တည်ဆောက်ရေး လုပ်ငန်းများကို ထက်ကောင်းကင်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာမှ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့က ရေထိန်းတံခါးနှင့် တံတားအနီး ရေစီးရေလာ အခြေအနေများကို စစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

.

ထို့နောက် ဆေခမ်းရပ်ကွက်(စက်မှုဇုန်)အတွင်းရှိ ဝက်သားသတ်ရုံသို့ သွားရောက်ကြည့်ရှုရာ စက်ရုံမန်နေဂျာ u စက်ရုံတည်ဆောက်ထားရှိမှု အခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့် စီမံကိန်းအစီအစဉ်များ ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

.

တာချီလိတ်မြို့ ရေကြီးရေလျှံကာကွယ်ရေး ရေစီးရေလာကောင်းမွန် စေရေး၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် အကောင်အထည် ဖော်နိုင်စေရန်အတွက် ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment