Sunday, June 7, 2026

🌸 လားရှိုးတွင် လက်ကိုင်ဖုန်း ၂ လုံး ခိုးယူလာသူကို ဖမ်းမိ

.

လားရှိုး၊ ဇွန် ၈

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယမန်နေ့ ဇွန်လ ၇ ရက်၊ နံနက်အစောပိုင်းက လက်ကိုင်ဖုန်း ၂ လုံး ခိုးယူလာသူတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ဇွန်လ ၇ ရက်၊ နံနက် ၃ နာရီခန့်က လုံခြုံရေး လှဉ့်ကင်းဆောင်ရွက်နေစဉ် လားရှိုးမြို့၊ ရပ်ကွက် (၈)၊ သိန္နီလမ်းမပေါ်တွင် မသင်္ကာဖွယ် လမ်းလျှောက်လာသူတစ်ဦးအား ရှာဖွေစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ထိုသို့စစ်ဆေးရာတွင် ယင်း အမျိုးသားအား လွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းမှ Redmi အမျိုးအစား ဖုန်း ၂ လုံးကို တွေ့ရှိသဖြင့် ဖုန်းလော့ဖြေခိုင်းရာ လျှို့ဝှက်နံပါတ်များကို မသိရှိဘဲ ဖုန်းများတွင် ဆင်းမ်ကတ် မပါရှိသည့်အပြင် ၎င်း ပိုင်ဆိုင်ကြောင်း ကျိုးကြောင်းခိုင်လုံစွာ မပြောနိုင်သဖြင့် နေအိမ် အဆောက်အဦ တစ်ခုခုမှ ခိုးယူလာသည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

သို့ဖြစ်၍ လက်ကိုင်ဖုန်းများ ခိုးယူလာသသည်ဟု မသင်္ကာဖွယ် ပေါ်ပေါက်နေသူ မိုဘာဒတ် (ခ) ဘိုဘို အား လားရှိုးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့်-၅၄ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

#ShanGazette #Lashio #Crime

.

No comments:

Post a Comment