Wednesday, June 17, 2026

🌸 တောင်ကြီးတွင် နှစ်လုံး၊ သုံးလုံးထီ လောင်းကစား ပြုလုပ်သူ အမျိုးသမီးတစ်ဦး အဖမ်းခံရ

.

တောင်ကြီး၊ ဇွန် ၁၇

.

တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်တွင် ယမန်နေ့ ဇွန်လ ၁၆ ရက်၊ နေ့လယ်ပိုင်းက နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

.

.

တောင်ကြီးမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များသည် ယမန်နေ့ ဇွန်လ ၁၆ ရက်၊ နေ့လယ် ၁၂ နာရီခန့်က တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်၊ စဝ်စံထွန်းလမ်းနှင့် ကုန်သည်လမ်းထောင့်တွင် တရားမဝင် နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ကုန်သည်လမ်းမှ စဝ်စံထွန်းသို့ မသင်္ကာဖွယ် လမ်းလျှောက်လာသူ အမျိုးသမီးတစ်ဦးအား စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းမှ နှစ်လုံး၊ သုံးလုံးလောင်း ကစားပြုလုပ်ရာမှ ရရှိသည့် ငွေစက္ကူရောရာ ၁၃၀၀၀၀ ကျပ်နှင့်အတူ နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားပြုလုပ်ထားသည့် မှတ်တမ်းစာရွက်များအား ရှာဖွေတွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

သို့ဖြစ်၍ နှစ်လုံး/သုံးလုံးထီ လောင်းကစား ပြုလုပ်သူ အမျိုးသမီးအား ‌တောင်ကြီးမြို့မရဲစခန်းတွင် လောင်းကစားဥပဒေဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

#ShanGazette #Taunggyi

.


No comments:

Post a Comment