.
🌸 ငွေကျပ်သိန်းပေါင်း
၆ သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
.
တာချီလိတ်၊ ဇန်နဝါရီ ၃၀
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင်
ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်၊ ညနေပိုင်းက မူးယစ် ဆေးဝါး သယ်ဆောင်သူအုပ်စုတစ်စုကို ပစ်ခတ်ဖမ်းဆီးစဉ်
တစ်ဦးကို ဖမ်းမိပြီး စုစပေါင်း တန်ဖိုး ငွေကျပ် သိန်း ၆၀၀၆၀ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်
ပစ္စတိုသေနတ်တစ်လက်၊ ကျည် ၁၄ တောင့်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်၊ ညနေ ၄
နာရီခန့်တွင် တာချီလိတ်မြို့နယ်၊ ဆီဝန်းထောင်းကျေးရွာအနီး ရာဘာခြံအတွင်း
အနောက်တောင်ဘက် ၅ မိုင်ခန့် အကွာတို့တွင် အဖွဲ့ငယ်များဖွဲ့၍ နေရာဖြန့်ခွဲကာ
ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် ဆီဝန်းထောင်းကျေးရွာဘက်မှ ကျောပိုးအိတ်များ
သယ်ဆောင်လာသည့် မသင်္ကာဖွယ် လူ ၁၀ ဦးခန့်အား တွေ့ရှိသဖြင့် စစ်ဆေးရန်အတွက်
ရပ်တန့်ခိုင်းစဉ် ရပ်တန့် ခြင်းမရှိဘဲ ၎င်းတို့ဘက်မှ သေနတ်များဖြင့်
စတင်ပစ်ခတ်ခဲ့သောကြောင့် အနီးကပ်နေရာတွင် အသင့်ရှိသော ပူးပေါင်းအဖွဲ့များနှင့်
ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။



























