.
ကလော၊ ဧပြီ ၂၅
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့၊
မြို့တော်ခန်းမတွင် ယမန်နေ့ ဧပြီလ ၂၄ ရက်၊ မွန်းလွဲပိုင်းက လွှတ်တော်
ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊
ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲ ပြုလုပ် ခဲ့ကြောင်း သိရသည်။
.
.တွေ့ဆုံပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များက
လွှတ်တော်အတွေ့အကြုံများ၊ လက်ရှိနိုင်ငံရေး အခင်း အကျင်းများ၊
အစိုးရသစ်ဖွဲ့စည်းမှုတို့နှင့် ပတ်သက်ပြီး တက်ရောက်လာသူများကို ရှင်းလင်းတင်ပြ
ခဲ့ကြောင်း သိရသည်။
.
ထို့နောက် ကလော ဒုတိယခရိုင်
အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က အစိုးရသစ် ရက် ၁၀၀ တွင်
ဒေသဖွံ့ဖြိုးရေးအတွက် ဦးစားပေးလုပ်ဆောင်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း
သိရသည်။
.
“ကလောမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ
ဆောင်ရွက်ဖို့အတွက် တက်ရောက်လာတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ၊
မြို့မိမြို့ဖတွေရဲ့ တင်ပြချက်တွေအပေါ်မှာ သက်ဆိုင်ရာ ဌာနအကြီးအကဲတွေက
ပြန်လည်ရှင်းလင်းပြီး လွှတ်တော်ကိုယ်စားလှယ်တွေက ပေါင်းစပ်ညှိနှိုင်းခြင်း၊ လွှတ်တော်ကို
တင်ပြဖို့ အချက်အလက် မှတ်တမ်းတင်ခြင်းတွေကို ဆောင်ရွက်ခဲပါတယ်” ဟု ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာ နန္ဒာလှမြင့် က ပြောသည်။
.
အဆိုပါ တွေ့ဆုံပွဲသို့ ကလောမြို့နယ် ကိုယ်စားပြု
လွှတ်တော်ကိုယ်စားလှယ်များ ကလောခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊
မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ
တက်ရောက်ခဲ့ကြကြောင်း သိရသည်။
.
#ShanGazette #KaLaw #Parliament
.

No comments:
Post a Comment